လူယုံတစ်ယောက်ရှာတွေ့ထားသော စီစီတီဗီမှတ်တမ်းဖိုင်ကို ကလျာ ကြည့်နေတုန်း ခရစ်ရောက်လာသည်။
“ဘာတွေထူးခြားလဲ Claire”
“ဒီမှာကြည့် နောင် ထွက်သွားတော့ ကားပေါ်ထိကို ဖုန်းပြောနေခဲ့တာ ဒါပေမယ့် ထူးထူးဆန်းဆန်း ရဲစခန်းက ဖုန်းကိုစစ်ဆေးတော့ နောက်ဆုံးခေါ်တဲ့ဖုန်းနံပါတ်ကို ဖျက်ထားတယ်တဲ့ ”
“ဖုန်းမှတ်တမ်းတွေပြန်ယူနိုင်ရင် ဆက်သွယ်တဲ့သူကို သိလောက်တယ် ”
“အဲ့တာ ဘယ်လိုလုပ်မလဲ ”
“ကိုယ့်အသိတစ်ယောက်က ဆိုက်ဘာလုံခြုံရေးရဲတပ်ဖွဲ့ကပဲ အကူအညီတောင်းကြည့်လိုက်မယ် ”
“အင်း ပြီးတော့ သိမ်းငှက်နီတွေအကြောင်း ဘာထူးသေးလဲ ”
“အဲ့တာပြောမို့ပဲ ကိုယ့်ကလပ်ကို မီးရှို့တဲ့ လူက သိမ်းငှက်နီပဲ မျက်မြင်တွေ့ခဲ့တဲ့ စားပွဲထိုးလေးပြောပြတာ လက်မှာ တက်တူးနဲ့တဲ့ မျက်နှာကတော့ ဖုံးထားလို့မမြင်ရဘူး ”
“လူစုထားရင်ကောင်းမလား ခရစ် ပြောရရင် အရင်တုန်းကလို ဖြစ်လာနိုင်မယ်ထင်တယ် ”
“ကိုယ်ထင်နေတာ တခုရှိတယ် ”
“ဘာလဲဟင် ”
“အရင်သိမ်းငှက်နီခေါင်းဆောင်နဲ့ ပတ်သက်တဲ့ မိသားစုဝင်တွေများဖြစ်နေမလားလို့ ”
“ဖြစ်နိုင်တယ် လက်စားချေမို့ရည်ရွယ်တာနေမှာပေါ့ ”
“ဒါပေမယ့် စဥ်းစားမရဘူး အရင်သိမ်းငှက်နီခေါင်းဆောင်မှာ မိသားစုဝင်တွေ သားသမီးတွေမှ မကျန်တော့တာ ကိုယ်တို့ အဲ့တုန်းက အကုန်လုံးကို ရှင်းပြီးပြီမဟုတ်လား ”
“စဥ်းစားရခက်တယ် ဘယ်သူဖြစ်ဖြစ် သေချာတာကတော့ တို့နှစ်ယောက်လုံး သတိလက်လွတ်နေမရတော့ဘူး”
သူတို့စကားပြောနေတုန်း ခရစ်ရဲ့ ဖုန်းလာတာကြောင့် စကားစ ပြတ်သွားသည်။ တဖက်က ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် ခရစ်က အထူးတလည် ဂရုစိုက်ပြောဆိုနေတာမို့ ကလျာ စိတ်ဝင်စားမိသည်။ ဖုန်းချပြီးနောက်…
“ခရစ် ဘယ်သူလဲဟင် ”
“အော် ပြောဖို့မေ့နေတာ ကလပ်မီးလောင်တဲ့ အမှု့က မျက်မြင်သက်သေ”
YOU ARE READING
She's sweet like candy.(GL)
Romanceကွာရှင်းထားတဲ့ခင်ပွန်းဟောင်းရဲ့ လက်ဆောင်က တိတ်တိတ်ပုန်းမယားနဲ့ လူမမယ်ကလေးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့မထင်ထားဘူး