(9)

3.9K 350 7
                                    

စစ်ဆေးထားတဲ့ မျိုးဗီဇနှစ်မျိုးလုံးက 99.99%ကိုက်ညီ ကြောင်း နှင့် သွေးသားတော်စပ်ကြောင်း စစ်ဆေးချက် ရလာဒ်ကို ကလျာ ရှေ့နေရှေ့ရပ်နှင့် ရပ်ရွာ  လူကြီးမိဘ အစုံအလင်ရှေ့မှာပဲ အသ်ိပေးကြေညာခဲ့သည်။

“…အဲ့တာကြောင့်  ကလေးနဲ့ မိခင်ဖြစ်သူကို စောနောင်ခန့်ရဲ့ ပိုင်ဆိုင်မှုတွေ လွှဲပေးဖို့ ကျွန်မ လူကြီးမင်းတွေကို အသိပေးချင်ပါတယ် ”

DNA ရလာဒ်ကို လူကြီးတွေရှေ့မှာ ကြေညာမယ်လို့ သိကတည်းက  ဧည့်ခန်းမှာ တဖဝါးမှ မခွာဘဲ ထိုင်စောင့်နေသည့် ခိုင်နှင်းဆီက ကလျာ့ရဲ့ စကားကို ကြားတော့  ဟုတ်ပါ့မလားဆိုသည့် အကြည့်နှင့် ကြည့်နေသည်။ ကလျာသိတာပေါ့ ဒီကောင်မလေးသာမက ဘေးလူအချို့ကပါ နောင့်ရဲ့ ပစ္စည်းတွေကို ကလျာတစ်ယောက် လွယ်လွယ်နဲ့ စွန့်လွှတ်မှာမဟုတ်ဘူးလို့ ထင်ကြေးပေးနေကြတာကို။ ကလျာ့အတွက်တော့ သူတို့မသိတာသည့် အကြောင်းအရာပေါင်းများစွာကို ထုတ်ဖော်ပြောမနေချင်တော့ပါ။

“ကလျာ ဦးလေးပြောစရာရှိတယ် ”

ရှေ့နေကြီးရဲ့ စကားကြောင့် တွေဝေနေသော လူကြီိးတစ်အုပ်စုက လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။

“မောင်စောနောင်ခန့်က သမီးနဲ့ လင်ခန်းမယားခန်း ပြတ်ဆဲထားတယ်ဆိုပေမယ့် သူ မသေဆုံးခင်ကတည်းက လည်ပတ်နေတဲ့ လုပ်ငန်းတွေကို သူမရှိတော့ရင် သမီးကို အပြည့်အဝ ပေးအပ်ကြောင်း စာချုပ်စာတမ်းတွေနဲ့ အခိုင်အမာလုပ်ထားတာ အဲ့တာကြောင့် သူ့ရဲ့ လုပ်ငန်းတွေ ငွေကြေးရင်းနှီးမြုပ်နှံမှု့တွေက သမီးလက်ထဲမှာပဲ ရှိတယ် တကယ်လို့ သမီးက စောနောင်ခန့်ရဲ့ ဇနီးအဖြစ်အသိအမှတ်ပြုပြီး ဒီကလေးအမေကို ပေးချင်တယ်ဆိုရင်တောင် သမီးကလျာကို လွှဲမပေးထားတဲ့ အိမ်နဲ့ခြံပဲ ပေးလို့ရမှာ ကျန်တာတွေက စောနောင်ခန့်သေဆုံးသွားတာနဲ့ သမီးအပိုင်ဖြစ်သွားလို့ အင်း ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို ဘယ်သူ့ကိုမှ မပေးလဲရတယ် ”

“အဲ့လိုဥပဒေမျိုး ဘယ်မှာရှိလို့လဲ မရဘူးနော် ကျွန်မက သူ့ကလေးကိုမွေးပေးထားတာ သူ့မိန်းမအနေနဲ့ စောနောင်ခန့်ပိုင်တာတွေ အားလုံးရသင့်တယ် ”

She's sweet like candy.(GL)Where stories live. Discover now