V1 Chapter 1.1

3.4K 143 4
                                    

ငါက ကံဆိုးမိုးမှောင်ကျမယ့်
ဗီလိန်မအဖြစ် ပြန်ဝင်စားလာတယ်

Chapter 1- အတိတ်ဘဝကို ပြန်မှတ်မိသွား
ပြီ

မနက်မိုးလင်းတော့မှ ကျွန်မဂိမ်းကစားတာ
ရပ်လိုက်တယ်... ဟုတ်တာပေါ့၊ တရေးမှ
မအိပ်ရသေးဘူး။ ကျောင်းဝတ်စုံလဲ၊ မျက်
နှာကိုရေနဲ့ပက်ပြီး အိမ်ရှေ့တံခါးကို ဦးတည်
လိုက်တယ်။ ဆံပင်တောင် ဖြီးသင်မနေတော့ဘူး။

အမေကတော့ တကျည်ကျည်လုပ်နေပြီ။
"အထက်တန်းကျောင်းသူဖြစ်နေပြီ၊ နင်
မရှက်ဘူးလား။" ကျွန်မလည်း နားထောင်
ချင်ယောင်ဆောင်နေလိုက်တာပေါ့။

အိမ်အပြင်ရောက်တာနဲ့ အလယ်တန်းတုန်းက
ဝယ်ထားတဲ့ စက်ဘီးကို အားကုန်နင်းထွက်
တယ်။ အိမ်အထွက်က လမ်းပေါ်ရောက်
တော့ တောင်ကုန်းအဆင်းအတိုင်း ကျွန်မနင်းပြီး ကိုယ်ကိုလျှော့ပေးထားလိုက်တာပေါ့။ ခြေနင်းကို ပိုနင်းတယ်...နင်းတယ်
...နင်းတယ်... ကျွန်မရပ်ကိုမရပ်ဘူး။ ကား
ရှုပ်တဲ့လမ်းပေါ်မှာလည်း ဒီအတိုင်းဆက်
မောင်းနေခဲ့တာ။ နောက်တော့ ကျွန်မအသိ
စိတ်က ဝေဝါးသွားပြီး... ကျွန်မမိသားစုက
"ဒီအရူးမကတော့လေ..."လို့ မပြီးနိုင်မဆုံး
နိုင်အထပ်ထပ်အခါခါ ရေရွတ်နေတာကိုသာ
ကြားလိုက်ရလေရဲ့။

၂။

ဒီမှတ်ဉာဏ်တွေက ကျွန်မအရင်ဘဝက...
ကျွန်မခေါင်းနည်းနည်းနာသွားလို့ ပြန်သတိ
ရလာတာ။ ကသရီးနား ကလဲရစ်။ အသက်က ရှစ်နှစ်။ ကလဲရစ်နယ်စားကြီးရဲ့တစ်ဦး
တည်းသောသမီးလေး။ ပန်းပွင့်လေးလိုမျိုး
ပြုစုပျိုးထောင်ပေးတာ ခံခဲ့ရတာ။ ရလဒ်အ
နေနဲ့ တစ်ကိုယ်ကောင်းဆန်ပြီးဟိတ်ဟန်များ
လွန်းတဲ့မင်းသမီးပေါက်စ ဖြစ်လာတော့တာပဲ။

ဒီနေ့ ကျွန်မအ​ဖေနဲ့တော်ဝင်နန်းတော်ကို
လိုက်လာတာ။ သက်တူရွယ်တူဖြစ်တဲ့
တတိယမင်းသားလေးလည်း ကျွန်မကို
တော်ဝင်နန်းတော်ထဲကဥယျာဥ်တော်တွေ
ကို လိုက်ပြတာပေါ့။

မင်းသားကို ပထမဆုံးတွေ့ဖူးတာ။
ရွှေရောင်ဆံပင်နဲ့အပြာရောင်မျက်လုံးတွေက
နတ်သားလေးလို သိပ်လှတယ်။ တည်ငြိမ်လွန်းလို့ ရှစ်နှစ်သားကလေးလေးလို့ ထင်ရက်စရာကိုမရှိဘူး။ ကျွန်မလည်း မြင်မြင်
ချင်းချစ်သွားတာပေါ့။ ဒီလိုနဲ့မင်းသားလေး
အနားကို တိုးကပ်မိသွားတယ်။ ကျွန်မက
ပျက်စီးနေတဲ့ကောင်မလေးဆိုတော့ တခြားသူတွေအနှောင့်အယှက်ဖြစ်တာဘာညာဂရု
စိုက်မနေတော့ဘူး။ ဒီလိုနဲ့မင်းသားလေးနား
ကိုကပ်လိုက်ရင်း သူ့အပေါ်ပြုတ်ကျသွားပါ
လေရောလား။ ပြုတ်ကျတဲ့အရှိန်က သိပ်မ
များပေမဲ့... နေရာကတော့ တော်တော်ဆိုးဆိုး။ အလှထားထားတဲ့ ကျောက်တုံးပန်းခြံ
လေးက ကျွန်မတို့နားလေးတင်။ အဲဒီမှာခေါင်းနဲ့ပြင်းပြင်းဆောင့်မိပြီး နဖူးထိသွား
ရော။ သွေးတွေလည်း အများကြီးပန်းထွက်
လာတော့တာပေါ့။ မင်းသားနဲ့လိုက်လာတဲ့
အစေခံတွေလည်း အထိတ်တလန့်ဖြစ်ကုန်
လေရဲ့။

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး Mm translationDonde viven las historias. Descúbrelo ahora