♔︎ အပိုင်း ၃ ♔︎

842 197 16
                                    

♔︎ UNICODE♔︎

" အဲ့ကိစ္စအကြောင်း‌ဆိုရင် ကျွန်တော့်ကို စကားလာမပြောနဲ့! "

မနက်စာစားချိန်တွင် ကြားလိုက်ရတဲ့ ဂျီမင်ရဲ့ အသံ။ ဇွန်းခရင်းသံတွေ ကျယ်လောင်သွားသလို သခင်ကြီးရဲ့ " ပတ်ဂျီမင်! " ဟူသော စကားသံကလည်း မနက်ခင်းရဲ့ အေးချမ်းမှုတွေကို ဖြိုခွင်းလိုက်သည်။

သူတို့သားမိသားဖ သုံးယောက်ကြား ပြသာနာတစ်ခု တက်နေ၏။ ရထားပေါ်မှာတုန်းကရော ၊ မနေ့ညကဖြစ်ရပ်ကပါ ဒီနေ့မနက် ကိစ္စနှင့် ဆက်စပ်နေပြီး သခင်ကြီးနဲ့ သခင်မကြီးက တစ်သင်းဖြစ်ကာ ဂျီမင်က တစ်ဦးတည်း ဆန္ဒပြနေသူ။

ဂျီမင်ဟာ မြင်းဇောင်းထဲက ညိုတုတ်မြင့်မားသော မြင်းကိုစီးပြီး စံအိမ်အနောက်ဘက်က လွင်ပြင်ကျယ်တွေဆီ ခရီးနှင်သွားသည်။ ဆူးထိုးခံထားရတဲ့လက်က ဆေးစည်းထားခြင်းမရှိဘဲ ဇာတ်ကြိုးကို အကြမ်းကိုင်ပြီးတော့။

ဘယ်လောက်ပဲ သန်မာနေပါစေ သစ္စာနီတွေ မရှိတဲ့အရပ်မှာတော့ ပတ်ဂျီမင်လည်း အရေးနိမ့်ရတာပါပဲ။ မျိုးနွယ်စုနဲ့ ဝေးကွာနေတဲ့ချိန်မှာ ၀က်ဝံဆီကနေ ချုံခိုတိုက်ခိုက်ခံရတဲ့ ဝံပုလွေတစ်ကောင်လိုမျိုး။

ပတ်ဂျီမင် မပါ၀င်တဲ့ ကျွန်တော့်ရဲ့ နေ့ရက်ကလေးက သိပ်ကိုအေးချမ်းတယ်။ ထင်းခွဲတယ်။ ပစ္စည်းတွေသယ် နေရာချပေးတယ်။ မြင်းစာကျွေးတယ်။ မြို့လေးထဲမှာ လိုအပ်တာတွေ သွား၀ယ်ရတယ်။ တကယ်ကို ရိုးရိုးရှင်းရှင်းလေး။

နွေရာသီစံအိမ်ကိုရောက်ရင် အခြေနေတွေက ပိုဆိုးမယ်ထင်ခဲ့တာ တကယ်တမ်းကျ ဒီကိုရောက်မှ ကျွန်တော့်ရဲ့နေ့တွေက ဆန်ချက်စတီမြို့လေးနဲ့အတူ သာယာနေသည်။

နာရီမြည်သံ ချပ်ချပ်တွေနောက် နေ၀င်ခါနီးဆဲတွင် အထိတ်အလန့် သတင်းတစ်ခု ပြန့်နှံ့လာခဲ့သည်။ မနက်ထဲက ထွက်သွားတဲ့ သခင်လေး ဂျီမင် အခုထိ ပြန်မရောက်သေးဘူး ဆိုတဲ့အကြောင်း။

အလုပ်သမားတချို့က ပတ်ဂျီမင် ရှာပုံတော် ထွက်နှင့်ကြပြီ။ သခင်ကြီးက ဧည့်ခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ဆိုဖာပေါ်ထိုင်နေသော သခင်မကြီးမှာ မိုးပြိုနေလေပြီ။

𝐓𝐇𝐄 𝐆𝐋𝐀𝐃𝐈𝐎𝐋𝐔𝐒 𝐂𝐑𝐎𝐖𝐍Where stories live. Discover now