♔︎ အပိုင်း ၂ ♔︎

925 190 22
                                    

♔︎𝐔𝐍𝐈𝐂𝐎𝐃𝐄♔︎

သစ္စာနီတွေဟာ နှင်းဆီနီတွေနှင့်
ထပ်တူညီသော အဓိပ္ပါယ်ရှိပါက
ချစ်သောသူသာ
နှင်းဆီနီတစ်ပွင့်ဆိုပါလျှင်။


အိုဟောင်းနေသော အမှတ်ရကျောက်တိုင်ရှေ့တွင် လတ်ဆတ်နေသော သစ္စာနီ ပန်းတစ်စည်းရှိကာ ဘေးပတ်ပတ်လည်တွင် ခြောက်သွေ့နေသော သစ္စာပန်းတွေကိုလည်းကောင်း ၊ သစ်ရွက်ခြောက်တွေကိုလည်းကောင်း တွေ့နိုင်ပြီး ထိုနှင့် ခြေသုံးလှမ်းစာလောက်တွင် အ၀တ်စားအိတ်တစ်အိတ် ရှိလေသည်။

အချိန်ကား ဝေလီဝေလင်းချိန်။ နွေးဖြာသော လိမ္မော်ရောင်နေခြည်တို့က ဂျောင်ဂု မျက်နှာပြင်ပေါ်သို့ ညင်သာစွာ ကျရောက်သည်။ ထိုနေရာမှာ ဂျောင်ဂု မိဘနှစ်ပါး၏ မြေစာအုတ်ဂူပင်ဖြစ်သည်။

" နေကောင်းကြရဲ့လား။ ၂လလောက် နေရာသစ်တစ်ခုမှာ သွားနေရမှာမလို့ ဒီတလောတွင်း လာတွေ့နိုင်မှာ မဟုတ်ဘူး ... ကျွန်တော် ပြောတာတွေကို ကြားတယ်ဆိုရင် မိုးပေါ်ကနေ လက်ပိုက်ကြည့်မနေဘဲ

  ကျွန်တော် စိတ်ချမ်းသာအောင် တစ်ခုခုလုပ်ပေးပါ။ ကျွန်တော် အရမ်းပင်ပန်းနေတာမလို့ "

စိတ်ထဲရှိတာတချို့ကို ဖွင့်ထုတ်ပြီးတဲ့နောက် ‌မိဘနှစ်ပါးရဲ့ အုတ်ဂူကိုစိုက်ကြည့်ရင်း ဂျောင်ဂု အကြာကြီး နှုတ်‌ဆိတ်သွားသည်။ လေအဝေ့မှာ ‌လွင့်ပါလာတဲ့ ရွက်ခြောက်တွေက ဂျောင်ဂု၏ ဟောင်းနွမ်းဖိနပ်တစ်စုံကို ၀င်တိုက်သွားကြသည်။

အကယ်၍ မိဘနှစ်ပါးသာ အသက်ရှင်နေသေးရင် အခုချိန် သူ ဘာများဖြစ်နေမလဲ။ သေချာတာတော့ တစ်စုံတစ်ယောက်ရဲ့အိမ်က အလုပ်သမားတော့ ဟုတ်မနေဘူးပေါ့။

မထွက်ချင်ဘဲ ထွက်ခဲ့ရတဲ့ ကျောင်းကို ဆုံးခန်းတိုင်အောင် တက်နိုင်ခဲ့မယ်ဆိုရင် လူတွေ အသိအမှတ်ပြုလေးစားကြတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်။

အခုတော့ ...

" ကျွန်တော် သွားတော့မယ် "

နှုတ်ဆတ်စကားပြောပြီးတော့ အ၀တ်စားအိတ်ကိုလွယ်ကာ ‌ထွက်ခွာသွားသော ဂျောင်ဂုဆီမှ ခြေသံတွေသည် အုတ်ဂူလေးနားမှ မှေးမှိန်လာခဲ့သည်။ သစ္စာနီတွေကတော့ မနက်ခင်းနေခြည်တွင် ရဲသွေးမြန်းနေဆဲ။

𝐓𝐇𝐄 𝐆𝐋𝐀𝐃𝐈𝐎𝐋𝐔𝐒 𝐂𝐑𝐎𝐖𝐍Where stories live. Discover now