♔︎ အပိုင်း ၅ ♔︎

788 176 11
                                    

♔︎𝐔𝐍𝐈𝐂𝐎𝐃𝐄♔︎

သူမ,က သီချင်းလေးတစ်ပုဒ်
ဒါပေမဲ့ ကောင်လေးက
သူ့ရဲ့ နားရွက်တွေကို
ဖြတ်ထားခဲ့တယ်တဲ့လေ။

သစ္စာနီပုံပြင်မှာရော
ဘယ်သူက သီချင်းလေးဖြစ်ပြီး
ဘယ်သူ့နားရွက်တွေက
ဖြတ်တောက်ခြင်း ခံထားရပါသလဲ?

Willow Wisdom အသိအမှတ်ပြု တံဆိပ်ပါသောစာအိတ်တစ်ခုသည် ဧပြီလ မကုန်ခင်ချိန်တွင်း ဆန်ချက်စတီမြို့ရှိ ပတ်မိသားစုထံသို့ ရောက်လာခဲ့သည်။ Willow Wisdom ဆိုတာက သစ္စာနီတက်တဲ့ ထိပ်တန်းစရင်း၀င် အထက်တန်းကျောင်း။

စာပို့သမားဆီက လက်ခံပြောင်းယူပြီး အိမ်ကူကောင်မလေးကို မပေးလိုက်ခင်အချိန်ထိ ဂျောင်ဂု ထိုစာအိတ်ကို ဆွဲဖြဲချင်ခဲ့တဲ့စိတ်က ထိန်းသိမ်းမနိုင် တဖွားဖွားပင်။

ပတ်ဂျီဆန်က သူ့အစီစဉ်ကို အောင်အောင်မြင်မြင်နဲ့ အကောင်အထည် ဖော်နေတဲ့အချိန်မှာ ကျွန်တော်က ခံပြင်းခံရပ်ဖြစ်တာကလွဲရင် တခြား ဘာမှမတတ်နိုင်ခဲ့။ တစ်ပါးသူဆီကနေ ထိန်းချုပ်ခံရတာကို မကြိုက်တဲ့ သစ္စာနီကလည်း အရှုံးပေးလိုက်သည့်အလား အရိပ်တောင် လာမပြခဲ့သလို ကံတရားကလည်း မကူညီ။

အစွမ်းကုန်ခုခံပြီး မတတ်သာတဲ့ အခြေနေထိရောက်သွားလို့သာ ဂျီမင် လက်ခံခဲ့ရခြင်းဖြစ်ပါလိမ့်မည်။ ရှေ့ရက်တွေက ဂျီမင်ရဲ့ ပွန်းပဲ့ကြေကွဲလွယ်တဲ့ အပြုအမှုတွေက သက်သေပဲလေ။

သို့ပေသိ ဒီကိစ္စတွေ အားလုံးအတွက် သစ္စာနီကို အပြစ်တင်လိုက်ချင်သည်။ ကျွန်တော့်ကိုဆို ဟာကွက်မရှိ အနိုင်ပိုင်းတတ်တဲ့ သစ္စာနီက အခုတော့ ဘယ်လိုဖြစ်သွားရလေသလဲ။ လွယ်လွယ်လေးနဲ့ အရှုံးပေးတတ်လိုက်တာလို့ပဲ ဂျီမင် မျက်နှာရှေ့တည့်တည့် အော်ပြောလိုက်ချင်တော့သည်။

နှေးစေချင်တဲ့အခါ မြန်သွားတတ်တယ်ဆိုတဲ့ သဘောက အမှန်တကယ် ဖြစ်ကြောင်းဆိုတာကို ကျွန်တော် ယုံကြည်ရတော့မည်။ အချိန်က နေ့တွေညတွေကို တိုက်စားပြီး ပြက္ခဒိန်က နေ့စွဲတွေကို တစ်ရွက်ပြီးတစ်ရွက် ဆွဲဖြဲစေတော့သည်။ ရက်သတ္တပတ်ဟာ သတိမထားမိလိုက်တဲ့ မျက်လုံးတစ်မှိတ်အတွင်း ကုန်သွားသလိုပင်။

𝐓𝐇𝐄 𝐆𝐋𝐀𝐃𝐈𝐎𝐋𝐔𝐒 𝐂𝐑𝐎𝐖𝐍Where stories live. Discover now