♔︎UNICODE♔︎
Isn't it lovely
All alone
Heart made of glass
My mind of stone
Tear me to pieces
Skin to bone
Hello, welcome home._Lovely_
" ယောက်ျားရေ ဒီမှာ သားတို့ ပြန်ရောက်လာကြပြီ "
သခင်မကြီးပတ်၏ ဝေဆာလှသော အသံသည် စံအိမ်ရဲ့ညနေခင်းကို ဆည်းလည်းသံတွေ ဖြန့်ကျက်လိုက်သလို သာယာသွားစေသည်။ လေးနှစ်ကြာပြီးမှ သားကို ပထမဆုံးအကြိမ် ပြန်တွေ့ရတဲ့ မိခင်တစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေပေါ့။
ဒရိုက်ဘာသမားကြီးက တံခါးကို အပြေးအလွှား လာဖွင့်ပေး၍ ဂျီမင် နဲ့ ဆူဇီ ကားပေါ်ကဆင်းပြီးချိန်တွင် သခင်ကြီးပတ်က အိမ်ရှေ့ကိုလာထွက်ကြိုသည်။
အသက်ကိုရှုထုတ်လိုက်ရင်း အဖေဖြစ်သူ ၊ အမေဖြစ်သူနဲ့ စံအိမ်ပတ်ပတ်လည်ကို ဂျီမင် လှည့်ပတ်ကြည့်လိုက်သည်။ ဘယ်သူ့ကိုမှ မစောင့်တတ်တဲ့ အချိန်ရေစီးကြောင်းမှာ သိသာထင်ရှားနေတာက မတည်မြဲခြင်းတွေ။
မိဘနှစ်ပါးလုံးမှာ ငယ်ရွယ်နုပျိုခြင်းတွေ ယုတ်လျော့နေပြီး ဆံအချို့ပင် ဖြူစပြုနေပြီ။ စံအိမ်ကလည်း မထွက်သွားခင်တုန်းကလို မသစ်လွင်ခြင်းမရှိတော့။ အရောင်မှိုင်းမှိုင်းနှင့် အိုနွမ်းနေလေပြီ။
အိမ်ကိုပြန်လာတဲ့ လမ်းတလျှောက်လုံးမှာ မတူညီတဲ့ ပြောင်းလဲခြင်းတွေ အများအပြားကို ဂျီမင် မြင်ခဲ့ရသည်။ သူနဲ့ ဆူဇီတောင် မှန်ရှေ့ရပ်လိုက်ရင် လွန်ခဲ့တဲ့ လေးနှစ်ကပုံရိပ်ကို ပြန်ရှာမတွေ့နိုင်တော့တဲ့အတိုင်း ၈နှစ်အရွယ်က ကောက်ရခဲ့တဲ့ အရုပ်လေးလည်း အသွင်ဗီဇတွေ ပြောင်းလဲသွားခဲ့ပြီ။
" သားနဲ့ သမီးဆူဇီ,ကတော့ နားလိုက်ဦးနော်။ အမေတို့ ညစာပြင်ထားလိုက်မယ်။ ဂျင်ယောင်းတို့ကိုလည်း ညစာလာစားဖို့ ဖိတ်ထားပြီးပြီ "
" ဟုတ် အန်တီ "
" အန်တီ ဘယ်ဟုတ်တော့မလဲ အခု အမေလို့ ခေါ်ရတော့မှာပေါ့ "
သခင်မကြီးပတ်က ဆူဇီ ဆံပင်တွေကို နားနောက်သပ်တင်ပေးရင်း ပြောလေတော့ ဆူဇီက ရှက်ပြုံးလေးနှင့် ခေါင်းလေးငြိမ့် ပြန်ဖြေသည်။ ပန်းခင်းထားတဲ့လမ်းလို သာယာတဲ့ ယောက္ခမနဲ့ ချွေးမ ဆက်ဆံရေးပဲ။
YOU ARE READING
𝐓𝐇𝐄 𝐆𝐋𝐀𝐃𝐈𝐎𝐋𝐔𝐒 𝐂𝐑𝐎𝐖𝐍
Fanficသစ္စာတစ်ပွင့်။ သေဆုံးခြင်း တစ်ထောင်။ One Gladiolus, A Thousand Deaths Cover art by Aster ❤️