♔︎ အပိုင်း ၁၁ ♔︎

886 155 27
                                    

♔︎UNICODE♔︎

မေလထဲမှာရွာတဲ့ ၁၉၄၂ ခုနှစ်ရဲ့ နွေမိုးပြေးက ဖွဲဖွဲလေးရွာနေတာမျိုး မဟုတ်တာက
JOE's DARLING TEASHOPမှာ ထိုင်နေသည့်
နမ်ဂျွန်းရဲ့ သောကြာနေ့ ညနေလေး အထီးကျန်ရတဲ့ အဓိက အကြောင်းရင်းလိုပင်။

တစ်ခုခုလိုနေတဲ့ ခံစားချက်ကို အချစ်ကြောင်းတွေ တငြိမ့်ငြိမ့်ဆိုနေသည့် အမျိုးသမီး အဆိုရှင်ရဲ့ သီချင်းက ကူညီ‌ရာမရောက်။ ဘာလိုလို့ လိုနေမှန်းကို ကိုယ်တိုင်လည်း မသိပါ။

" ကော်ဖီ ရပါပြီ "

သက်ပြင်းငွေ့ငွေ့ကိုချလိုက်ပြီး စားပွဲထိုး ကောင်မလေး ကိုင်ထားတဲ့ဗန်းပေါ် နမ်ဂျွန်း အကြည့်ရောက်သွားချိန်တွင် မြင်လိုက်မိတာ အချိုးကျကျစိတ်ခွဲထားတဲ့ စတော်ဘယ်ရီနီနီတွေ။

" ဒီစတော်ဘယ်ရီတွေက "

" ဟိုဘက်ဝိုင်းက မှာထားတာပါ "

ကောင်မလေး ညွှန်ပြတဲ့ဝိုင်းကို အလောတကြီး ကြည့်မိလိုက်ရာ ထင်ထားတဲ့လူ မဟုတ်တော့ ပြန်ရလိုက်တာက စိတ်ပျက်ခြင်းတွေ။ စကားသိပ်များတဲ့ သူဌေးသား အရူးလေးနဲ့ မတွေ့ဖြစ်တာ နှစ်လလောက်ပင် ရှိပြီပေါ့။ နှစ်လထပ်ပိုပြီး ကျော်ရင်လည်း ကျော်လောက်မယ်။

ကောင်လေးက မဆက်သွယ်လာခဲ့သလို တိုက်ဆိုင်ပြီးလည်း သူတို့ မတွေ့ဖြစ်ကြတော့။ ကြည့်ရတာ ကောင်လေးလည်း လူချမ်းသားတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးနေပြီနဲ့ ထင်ပါသည်။

မိုးစက်တွေကိုကြည့်ရင်း နမ်ဂျွန်း ကော်ဖီကို သောက်လိုက်သည်။ ဘ၀က ဒီလိုပဲ ... ၀င်လာတဲ့သူတွေ ၊ ထွက်သွားတဲ့သူတွေနဲ့ သံဝေဂတွေ။

ရက်မပြောင်းသေးတဲ့ သောကြာနေ့ ညချမ်းလေးပါပဲ။ တနေ့လုံး ရွာချထားတဲ့မိုးကြောင့် ကတ္တရာ လမ်းမပေါ်ထက် ထွန်းအိုင်နေတဲ့ မိုးရေအိုင်တွေမှာ ရေဆေးပန်းချီကားတချပ်လို ထင်ဟပ်နေသည့် မီးဝါရောင်အောက် သွားလာလှုပ်ရှားနေကြတဲ့ လူသားတွေရဲ့ပုံရိပ်ထဲမှာ ဂျောင်ဂု နှင့် ချယ်ယောင်းတို့လည်း ပါ၀င်သည်။

နဂါးခေါင်းရဲ့ ခေါင်းဆောင်နေရာကို ဂျောင်ဂု လွှဲပြောင်းယူပြီးသည်မှာ နှစ်လပင်ရှိပြီ။ အစပိုင်းမှာ သူ့ကို သိပ်မကြိုဆိုချင်ကြပေမယ့် ခေါင်းဆောင်ဂန်ရဲ့ ယုံကြည်မှုကို ရထားတဲ့အပြင် ၊ ဂျောင်ဂုရဲ့ စွမ်းရည်ကိုင်ရည်ကလည်း ပေါ့သေးသေး မဟုတ်တာကြောင့် တဖြည်းဖြည်းနဲ့ လက်ခံလာကြရသည်။

𝐓𝐇𝐄 𝐆𝐋𝐀𝐃𝐈𝐎𝐋𝐔𝐒 𝐂𝐑𝐎𝐖𝐍Where stories live. Discover now