♔︎ အပိုင်း ၆ ♔︎

857 177 12
                                    

♔︎𝐔𝐍𝐈𝐂𝐎𝐃𝐄♔︎

အလုပ်သမားတွေ ခြံသန့်ရှင်းရေးလုပ်နေတုန်း ကားတစ်စီးသည် ပတ်မိသားစုအိမ်ကို ရောက်လာခဲ့သည်။ သခင်ကြီးပတ်က မနက်ခင်းအစောကြီး အလုပ်သမားတန်းလျားဘက်ကို ထွက်လာပြီး ခြံတစ်ခုလုံးသန့်ရှင်းရေးလုပ်ရန် မှာကြားထား၏။

ကားအရှေ့ဘက်က တန်ဖိုးကြီးအ၀တ်စားတွေ ၀တ်စားထားသော အမျိုးသား နှင့် အမျိုးသမီး ထွက်လာ၍ ကားအနောက်ဘက်ကနေ ချီဟွားဟွား ခွေးတစ်ကောင်ကို ကိုင်ထားကာ ဘယ်ရေးဦးထုပ်ကို ဆောင်းထားတဲ့ ကောင်ငယ်လေးတစ်ဦး ထွက်လာသည်။

အိမ်ကူအလုပ်သမားတို့က အထုတ်အပိုးများကို လာရောက်သယ်ဆောင်ပေးကြ၍ သခင်ကြီးတို့ လင်မယားက အပြေးထွက် လာနှုတ်ဆတ်သည်။ ကင်မိသားစု ဖြစ်ဟန်တူပါ၏။ ကျောက်ခတ်ပင်တွေကို ပုံဖော်နေရင်း လူချမ်းသာတစ်စုကို ဂျောင်ဂု တွေတွေလေးငေးကြည့်နေမိသည်။

ပိုက်ဆံဆိုတာ ဒုတိယ ဘုရားသခင်ဆိုတဲ့အတိုင်း ပိုက်ဆံရှိရင် အရာအားလုံး အဆင်ပြေနေတာ မျက်မြင်ကိုယ်တွေ့ပဲလေ။

" မတွေ့ရတာ ကြာပြီနော် နေကောင်းရဲ့လား ယောင်းလေး "

" အကောင်းတကာ့ အကောင်းဆုံးပါပဲ အန်တီ ဒါနဲ့ ဂျီမင်ရော "

" ဂျီမင်က သမီး ဆူဇီနဲ့ ... "

ဝုတ်!။ ဝုတ်!။ ဝုတ်!။

သခင်မကြီးရဲ့ စကားမှာမဆုံးလိုက်။ ထယ်ယောင်း လက်ထဲက ချီဟွားဟွားခွေးမည်းသည် သခင်လက်ထဲက ခုန်ဆင်းပြီး အပင်ပုံဖော်နေတဲ့ ဂျောင်ဂု‌ဆီကို ပြေးထွက်သွားသည်။

" တန်း ဘယ်ကိုသွားတာလဲ! "

ထယ်ယောင်းသည် ပြေးထွက်သွားတဲ့ သူ၏ခွေးနောက် ပြေးလိုက်ရတော့သည်။ ဒါကိုမြင်တဲ့ ဂျောင်ဂုက သူ့ဆီ တန်းတန်းမတ်မတ် ပြေးလာတဲ့နေတဲ့ ခွေးမည်းလုံးကို အရဖမ်းထားလိုက်ကာ သခင်လက်ထဲကို ပြန်အပ်ပေးလိုက်သည်။

ကင်ထယ်ယောင်းသည် ဘာတစ်ခွန်းမှမပြော ကျွန်တော့်ကို စိုက်ကြည့်နေ၏။ လူချမ်းသာတွေက ဆင်းရဲသားတွေကို အဲ့လိုမျက်လုံးနဲ့ပဲ ကြည့်တတ်ကြတာလား။ ကူညီပေးတာတောင် မတူသလို မတန်သလို မျက်လုံးတွေနဲ့ ... ။

𝐓𝐇𝐄 𝐆𝐋𝐀𝐃𝐈𝐎𝐋𝐔𝐒 𝐂𝐑𝐎𝐖𝐍Where stories live. Discover now