♔︎ အပိုင်း ၁ ♔︎

3.7K 287 22
                                    

♔︎𝐔𝐍𝐈𝐂𝐎𝐃𝐄♔︎

ကျွန်တော်နဲ့ ဂျီမင်ရဲ့ ရေစက်က ၁၉၃၀ပြည့်နှစ်ရဲ့ ဇူလိုင်မိုးတွေကနေ စတယ်။

မိဘတွေမရှိတော့တဲ့ ကျွန်တော့်ကို ဦးလေး ဒုံဝု ပတ်အိမ်တော်ကို ခေါ်သွားခဲ့တုန်းက ကျွန်တော့်အသက် ၁၀နှစ်ကျော်ရုံဆိုတင်လေး။ မိုးလေကြီးတဲ့ညမှာ ကျွန်တော့်လက်ကို မြဲမြဲကိုင်ထားပေးခဲ့တဲ့ ဦးလေး ဒုံဝု လက်တွေက ကျေးဇူးဆပ်စရာ ကြိုးတစ်ချောင်း။

အထုတ်တစ်ထုတ်ကိုဆွဲရင်း ‌ဆွေးမြေ့မြေ့ သစ်သားတံခါးအိုလေးကနေ ကြောက်ကြောက်လန့်လန့် ၀င်ခဲ့ရတာက မမေ့နိုင်စရာပဲ။

" ဘယ်သူလဲ။ ဘယ်ကခေါ်လာတာလဲ " ဆိုတဲ့ စကားတွေက အပ်ကြောင်းထပ်အောင် အလီလီမေးခံခဲ့ရတာလည်း နောက်ထပ် မမေ့နိုင်စရာတစ်ခု။ နွေးထွေးမှုမရှိ ၊ အေးစက်စိုထိုင်းနေတဲ့ ကြမ်းပြင်‌ပေါ်မှာ စောင်ပါးပါးတစ်ထည်နဲ့ ဖြတ်သန်းခဲ့ရတဲ့ ညတွေက မလွယ်ကူလွန်းခဲ့ဘူး။

ဇူလိုင်မိုးတွေက ကျွန်တော့်အပေါ်မှာ
သက်ညှာမှု မရှိခဲ့ဘူး။

အသက်နဲ့မမျှတဲ့ အလုပ်တွေကိုလုပ်နေရလို့ သွေးစို့ပေါက်ပြဲနေတဲ့ ကျွန်တော့် ခြေထောက်တွေကို ကြည့်ပေးဖို့လည်း တစ်စုံတစ်ရာ မရှိခဲ့ဘူး။ ငယ်ဘ၀မှာ ကျင်လည်ကျက်စားခဲ့ရတဲ့ ပတ်အိမ်တော်ရဲ့ အစေခံတန်းလျားက ကျွန်တော့်လို ခိုကိုးရာမဲ့နေတဲ့ မသန်စွမ်းလူတွေလိုပဲ။

လူက သန်စွမ်းပေမဲ့ ကံတရားက မသန်စွမ်းအောင် လုပ်တဲ့အခါ ကျွန်တော်တို့ ဘ၀တွေ ရေတိမ်နစ်ရတော့တယ်။

ပတ်စံအိမ်မှာ အနီရောင် သစ္စာပန်းတွေချည်း ဝေဆာနေအောင်ပွင့်တဲ့ ဥယျာဉ်တစ်ခုရှိတယ်။ ကျွန်တော့် အကြိုက်ဆုံး နေရာပေါ့။ ဈေးမှာ၀ယ်တဲ့ မျိုးမကောင်း သစ္စာပန်းတွေ ဈေးကြီးသလောက် ဒီအိမ်မှာတော့ နိုင်ငံခြားဖြစ် မျိုးရင်းကောင်း သစ္စာနီတွေကို ဖောဖောသီသီ အလကားရနိုင်တယ်။

ခိုးတယ်ဆို ပိုမှန်မလား။ မိဘတွေရဲ့ အုတ်ဂူကိုသွားတိုင်း ပတ်မိသားစုပိုင် ဥယျာဉ်ကြီးထဲက သစ္စာနီ လေးငါးခိုင်ကို ကျွန်တော် ချိုးယူသွားတတ်တယ်။ လေးငါးခိုင်ဆိုတဲ့ ပမာဏက ဥယျာဉ်တစ်ခုလုံးနဲ့ယှဉ်ရင် သိတောင်မသိတဲ့ ပမာဏလို့ ပြောရအောင်ကို ပန်းတွေက များလွန်း၏။

𝐓𝐇𝐄 𝐆𝐋𝐀𝐃𝐈𝐎𝐋𝐔𝐒 𝐂𝐑𝐎𝐖𝐍Where stories live. Discover now