အပိုင်း ၁ (U&Z)

13.4K 472 10
                                    

(Unicode)

*လိုက်ကြ...မလွတ်စေနဲ့...

*သေချာ ရှာကြစမ်း...မိအောင်ဖမ်းကြ...

*သူ့လက်ထဲက သော့ကို ရအောင် ယူရမယ်...အဲ့ဒါ အရေးကြီးတယ်...

*တွေ့တဲ့ နေရာမှာ အ​သေသတ်...ဒင်း အသက်ရှင်နေသမျှ ငါတို့အတွက် အန္တရာယ်ပဲ...

အမိန့်ပေးသံ အမျိုးစုံနဲ့ အော်ဟစ်နေသံတို့က တိတ်ဆိတ်တဲ့ တောအုပ်အတွင်း ဆူညံနေတော့သည်။ ညငှက်တချို့ ကြောက်လန့်တကြား ထပျံ ကုန်ကြသည်။

✒ ✒✒ ✒✒✒

ပြေး...​​ပြေးရမယ်...လွတ်အောင် ပြေးရမယ်...ငါ့တိုင်းပြည်က ပြည်သူတွေရဲ့ ကံကြမ္မာက...ငါ့လက်ထဲမှာ...ငါ အသက် သေခြင်းနဲ့ ရှင်ခြင်းအပေါ်မှာ မူတည်နေတယ်...

ရှောင်းရှောင်းကျန့် ပြေးထား...လွတ်အောင်ပြေး...

မင်း ခမည်းတော်နဲ့ မယ်တော်အတွက်...
မင်းရဲ့ တိုင်းသူပြည်သားတွေအတွက်...
ပြေး...လွတ်အောင်ပြေး...
မရပ်လိုက်နဲ့...

✒ ✒✒ ✒✒✒

ဖုကော် တိုင်းပြည်...

*အဲ့တော့ ငါ့မြေးတော်က မျိုးဆက် မကျန်နိုင်ဘူးပေါ့...ဟုတ်လား...

*မဟုတ်ပါဘူး မယ်မယ်ကြီး... မြစ်တော်လေး တစ်ပါး​ေတာ့ ရဦးမှာပါတဲ့...

အထိန်းတော်ရဲ့ စကားကြောင့် မယ်မယ်ကြီးခမျာ မျက်လုံး ပြူးသွားရပြန်သည်။

*တယ်...ဘယ်လိုတွေ လျှောက်နေတာလဲ...အခုပဲ မရဘူး...အခုပဲ ရမယ်နဲ့...ငါက ဘယ်က မြစ်တော်ကို ရ ရမှာလဲ...မွေးစားရမှာလား...

*မဟုတ်ပါဘူး မယ်မယ်ကြီး...မြေးတော်လေးရဲ့ သွေးသားအရင်းပါ...

*ဟင်းးး...ငါ နားရှုပ်နေပြီ...မယ်မင်း ရှင်းအောင် လျှောက်တင်စမ်းအေ...
အို...တော်ပါပြီ...ငါ့ဘာသာပဲ နတ်နန်း သွားမေးတော့မယ်...
ဒါနဲ့ မင်းကြီးရော...ဘာလုပ်နေသလဲ...

*မင်းကြီးက ညီလာခံ ဝင်နေပါတယ် မယ်မယ်ကြီး...

*အေး...ပြီးရော...အခု ငါ နတ်နန်းသွားမယ်...ပြင်ကြစမ်း...

✒ ✒✒ ✒✒✒

ဖုကော် တိုင်းပြည်၏ ၁၁ ဆက်မြောက် ဘုရင်မင်းမြတ် ဝမ်လျှို့ပင်း နှင့် မိဖုရားခေါင် ချီမေ့တို့ရဲ့ တဦးတည်းသော သားတော် ဝမ်ရိပေါ် .....

Something (တစုံတရာ) (U&Z) - CompletedWhere stories live. Discover now