အပိုင်း ၁၄ (U&Z)

4.3K 325 11
                                    

(Unicode)

မနက်ပိုင်း ညီလာခံ မဝင်ခင် လေ့ကျင့်ကွင်းမှာ ကြင်ယာတော်နဲ့အတူ သိုင်းလေ့ကျင့်နေတဲ့ အိမ်ရှေ့စံ။ ဂရုတစိုက် ကြည့်ကာ လိုအပ်သမျှ သင်ပြကာ အရိပ် တကြည့်ကြည့်နဲ့ ပြုံးရွှင်နေတတ်သည်။ တချက်ကလေးမှ စိတ်ညစ် ညည်းညူဟန် မပေါ်ချေ။

*ဒါလား...အနောက်နန်းဆောင် ကိစ္စတွေက...အိမ်ရှေ့စံနဲ့ မဆိုင်ဘူး ဆိုတာ...

လေ့ကျင့်ကွင်းမှာ သိုင်းအတူတူ လေ့ကျင့်နေတဲ့ ဝမ်ရိပေါ် တို့ နှစ်ယောက်ကို ကြည့်ပြီး ပိုင်ချင်ချင်က မကျေမနပ် ပြောလိုက်သည်။

*အင်းလေ...ကြင်ယာတော်ကို သိုင်းပညာ သင်ပေးနေတာ ကျတော့ရော...အနောက်နန်းဆောင်ဆီက လာ ခွင့်တောင်းလို့လား...

အဖေဆီမှ တီးတိုးဖော် အဖြစ် ထည့်ပေးလိုက်တဲ့ အပျိုတော်ဆီမှ အသံထွက်လာသည်။

*ဒါကိုတော့ မိဖုရားကြီးဆီ လျှောက်မှ ဖြစ်မယ် ထင်တယ် မင်းသမီး...

*အေး...ဟုတ်တယ်...လာ...

ပိုင်ချင်ချင်က ခြေဆောင့်ကာ ထိုနေရာမှ ထွက်ခွာခဲ့သည်။ ဦးတည်ရာကား မိဖုရားကြီး နန်းဆောင်ဆီ.....

✒ ✒✒ ✒✒✒

နန်းဆောင်ရှေ့မှ အကြောင်းကြားသံကြောင့် ပန်းချည်ထိုးနေရာမှ ချီမေ့ ရပ်လိုက်သည်။

*အင်း...ဝင်ခိုင်းလိုက်ပါ...

*ချင်ချင်...မိဖုရားကြီးကို ဂါရဝ ပြုပါတယ်...

*စောစော စီးစီး...ကိစ္စ ရှိလို့လား မင်းသမီး...

*တခု သိချင်လို့ပါ မိဖုရားကြီး...

*အင်း...ဘာများလဲ...မေးပါဦး...

*ကြင်ယာတော် မင်းသမီး အထိန်းတော် အပျိုတော်ဆိုတာ... အနောက်နန်းဆောင်ရဲ့ အုပ်ချုပ်မှု အောက်မှာပဲ ရှိတယ်လို့...သိထားပါတယ်...

*အင်း...ဟုတ်တယ်လေ...ဘာများ ဖြစ်လို့ပါလိမ့်...

*ဒါဆို အခု ကြင်ယာတော်... သိုင်းပညာ သင်နေတာကရော...အနောက် နန်းဆောင်ရဲ့ ခွင့်ပြုချက်နဲ့လား...မိဖုရားကြီး ခွင့်ပြု ပေးလိုက်တာလား...သိချင်လို့ပါ...

Something (တစုံတရာ) (U&Z) - CompletedWhere stories live. Discover now