အပိုင်း ၄ (U&Z)

4.6K 389 3
                                    

(Unicode)

ရန်စံအိမ်ဆီ ရှောင်းကျန့် ပြန်လာခဲ့သည်။ လမ်းတလျှောက် ဘုရားကျောင်းက အဖြစ်အပျက်ကို တွေးရင်းလည်း ပြုံးမိသည်။

သူ့ကို ပန်းပုရုပ် ထင်နေတဲ့ ကောင်လေး...

တကယ်တော့ သူက ညောင်းလို့ ထိုနေရာမှာ ခဏ ဝင်လှဲနေခြင်း ဖြစ်သည်။ ဘုရားကျောင်းကို လာတိုင်း ထိုနေရာကို သူ သဘောကျသည်။ သစ်ပင်ကို ထွင်းထားတဲ့ ထိုသစ်ခေါင်းလေးထဲ ခွေခေါက် နေချင်ခဲ့သည်။ ဒီနေ့တော့ လူရှင်းတာနဲ့ သူလည်း ဝင်လှဲ အိပ်မိခြင်း ဖြစ်သည်။

ကောင်လေး စပြောကတည်းက ပြောသမျှကို သူ အကုန် ကြားနေရပေမယ့် ရုတ်တရက်ကြီး ထိုနေရာမှ ထထွက်လာလျှင် ထိုကောင်လေး ရှက်သွားမှာ စိုးတာကြောင့် အခြေအနေကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

ကောင်ဆိုးလေး...ငါ့ရင်ခွင်ထဲအထိ တိုးပြီးကို အိပ်တော့တာပဲ...ဟား...ဟား...ဟား...

*ကော...ကော...
ရှောင်းကောကော...

*ဟင်...ရန်ညီလေး...

ရုတ်တရက် ပေါ်လာတဲ့ ခေါ်သံကြောင့် ရှောင်းကျန့်က ယောင်နနလေးနဲ့ လှည့်ကာ ရှာလိုက်သည်။

*ဘာတွေများ ဒီလောက် တွေးနေလို့...ကျွန်တော် ခေါ်နေတာကို မကြားရတာလဲ...မျက်နှာကလည်း ပြုံးလို့...ပြောစမ်းပါဦး...ဘာတွေ ကျေနပ်နေတာလဲ...

မိမိကို စူပုတ်ပုတ်လေးနဲ့ ပြောနေတဲ့ ရန်ဖုန်းရီကို ရှောင်းကျန့်က ခပ်ပြုံးပြုံး ကြည့်လိုက်သည်။

*ဘုရားကျောင်းမှာ တွေ့ခဲ့တဲ့... အူကြောင်ကြောင် ကောင်လေး တယောက် အကြောင်းပါကွာ...

*ကောင်လေး...ဘယ်က ကောင်လေးလဲ...ဘယ်အိမ်ကလဲ...ကောနဲ့ ဘယ်လို တွေ့တာလဲ...ဘာတွေ ဖြစ်ခဲ့တာလဲ...ပြောစမ်းပါ...မြန်မြန်...

*ရန်ညီလေး...

မိမိ လက်ကို ဆွဲကိုင်ကာ အလောတကြီး အတင်းအကြပ် မေးလိုက်တဲ့ ရန်ဖုန်းရီကြောင့် ရှောင်းကျန့် လန့်ကာ အော်မိတော့သည်။

ဒေါက်...

ရန်ဖုန်းရီ နှာဖူးပြင်ကို နံ့သာယပ်တောင်ဖြင့် ခေါက်တာ ခံလိုက်ရသည်။

Something (တစုံတရာ) (U&Z) - CompletedWhere stories live. Discover now