အပိုင်း ၁၂ (U&Z)

4.4K 330 3
                                    

(Unicode)

ရှောင်းကျန့် နားမလည်နိုင်အောင် ဖြစ်နေရသည်။ အကြောင်းကား အိမ်ရှေ့စံပင် ဖြစ်သည်။

ကြည့်လေ...
နေမကောင်းလို့ မိမိ အနား စောင့်ပေးသည် ဆိုသည့်တိုင် မိမိ စားဖို့ ပို့လိုက်သမျှ ငွေအပ်စိုက်ကြည့်သည်။ ဘယ်သူချက်သလဲ။ ဘယ်သူ သယ်လာသလဲ မေးသည်။

ရေလား..... တခါသောက်ဖို့ အရေး ငွေအပ် စိမ်သည်။ ဘယ်က ယူလာသလဲ။ ဘယ်သူ သယ်လာသလဲ မေးသည်။

ရေနွေးကြမ်း လည်း မလွတ်။ မပြီးနိုင်အောင် စစ်ဆေးသဖြင့် သောက်မည်ဆိုလျှင် အေးနေပြီ။

*ရိပေါ်...တခုခု ဖြစ်လို့လား...

*နောက်မှ ပြောပြမယ်...ဒါ ကြင်ယာတော်ကို တိုက်ဖို့ ဆေးလား...

*ဟုတ်ပါတယ် အိမ်ရှေ့စံ...

ဆေးခွက်ထဲ ငွေအပ်ထည့်ကာ ​ကြည့်သည်။

*မင်း နည်းနည်း သောက်ကြည့်စမ်း...

*အင်...ဒီဆေး ခါးခါးကြီးကိုလား...

*အင်း...

အပျိုတော်လေး ခမျာ ကြောက်တော့လည်း ရှုံ့မဲ့ကာ သောက်ရသည်။

*ရပြီ...တော်တော့...

အပျိုတော် ထွက်သွားမှ ဆေးခွက်ကို ယူကာ ရှောင်းကျန့်ကို တိုက်သည်။

*ရိပေါ်...

*ဘာမှ မဖြစ်ဘူး...ကော အတွက် အန္တရာယ် ရှိမှာ စိုးလို့ပါ...

*ကျေးဇူးပါ ရိပေါ်...

*အဲ့ဒါ ကိုယ့်ယောကျာ်းကို ပြောစရာ စကားလား...ဟင်...

ရှောင်းကျန့် မေးဖျားကို ခပ်ဖြည်းဖြည်း ဆွဲယူကာ နှုတ်ခမ်းဖျားဆီ ရိပေါ် ဦးတည်လိုက်သည်။ နီးကပ်လာတဲ့ ဝင်သက် ထွက်သက်ကြောင့် ရှောင်းကျန့် ရင်ခုန်သံတို့ မြန်လာရသည်။

ရီဝေစွာ စိုက်ကြည့်လာတဲ့ ဝမ်ရိပေါ်ရဲ့ အကြည့်ကို ရှက်ရွံ့စိတ်နဲ့ အတူ မျက်ဝန်းအစုံကို မှိတ်လိုက်မိစဥ် ပေါ်လာတဲ့ ပုံရိပ်ကြောင့် ရိပေါ် ရင်ဖက်ကို ရှောင်းကျန့် တွန်းကန်လိုက်သည်။

မဖြစ်ဘူး...မဖြစ်ရဘူးလေ...ရိပေါ် ချစ်သူက ပိုင်ချင်ချင်ပဲဟာ...သူတို့က နတ်နန်းရဲ့ ဟောချက်တွေ မှားကြောင်း သက်သေပြပြီးရင် လက်ထပ်ကြမှာ...ငါက ဒီနေရာမှာ ခဏ နေရမယ့် သူလေ...ဒါနဲ့များ ငါက ဘာလို့ စိတ်လွတ်သွားမိတာလဲ...အား...စိတ်ပျက်လိုက်တာ...

Something (တစုံတရာ) (U&Z) - CompletedWhere stories live. Discover now