အပိုင်း ၃၃ (U&Z)

3.7K 265 6
                                    

(Unicode)

ရှောင်းကျန့်အတွက် တိုက်ပွဲဝင်ခြင်း ဆိုသည်ကို ယခုမှ မျက်မြင်ကိုယ်တွေ့ လုပ်ဆောင် ရတော့သည်။ ခမည်းတော် မင်းကြီး ရှောင်းဟန် လက်ထက်က စစ်ပွဲဆိုတာထက် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ပူပေါင်းရေးများသာ ရှိခဲ့သည်မို့ အေးချမ်းလွန်းသည် ဆိုရမည်။

တောပုန်းသူပုန်လောက်သာ ရှိခဲ့ပြီး နန်းတော်တပ်တွေ လာသည်နှင့် တပ်ပျက်ကာ ပျောက်သွားရသည် ချည်းသာ။ ထို့ကြောင့် တိုက်ပွဲ ကြီးကြီးမားမား မရှိခဲ့ချေ။

အခုတော့ မြို့တော်နဲ့ နီးလေ ရန်သူ့ သစ္စာခံတွေ အားကောင်းလေမို့ တိုက်ပွဲတွေက ပြင်းထန်သည်။

ဒါက စစ်ရဲ့ သဘောဆိုရင်တောင် အမှားအမှန်ကို ကိုယ်တိုင် ခွဲခြားတတ်စေချင်မိသည်။ စစ်ပွဲတိုင်းအတွက် အသက်တွေ အိုးအိမ်တွေ မိသားစုတွေ အားလုံး ပျက်စီးကြရတာ မဟုတ်လား။

ခမည်းတော်...သားတော် လုပ်ရပ် မှန်ရဲ့လား...ဖုကော် နန်းတော်မှာ သားတော်ဘဝ အေးချမ်းနေပေမယ့်...သားတော်တို့ ဟယ်ဖျင်ပြည်သူတွေက...လူမိုက်တယောက်ရဲ့ ထင်တိုင်းကြဲမှုအောက်မှာ ဒုက္ခ ရောက်နေရတာကို...သားတော် ကယ်တင်ချင်လို့ပါ...
မိုးရေကြောင့် မြေတွင်းအောင်း
သတ္တဝါ တချို့ သေကြရတယ်ဆိုရင်တောင်...ဆန်ရေစပါးအတွက် မိုး​ေရလိုတယ် မဟုတ်လား...ကျွန်တော်က ဆန်စပါးနဲ့ ကောက်ပဲသီးနှံ စိုက်ပျိုးဖို့ မိုးရွာပေးချင်ရုံပါ...

✒ ✒✒ ✒✒✒

*အိမ်ရှေ့စံ...မယ်မယ်ကြီး လာပါတယ်...

ကိုယ်ရံတော်နဲ့ တီးတိုး ဆွေးနွေးနေတဲ့ ဝမ်ရိပေါ်က ပြုံးလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။ ကိုယ်ရံတော်က ပြန်ထွက်သွားသည်။

*ဝင်ခိုင်းလိုက်ပါ...

စကားဆုံးတာနဲ့ အလောတကြီး ဝင်လာတဲ့ မယ်မယ်ကြီးကို ဝမ်ရိပေါ် တွေ့လိုက်ရသည်။

*အိမ်ရှေ့စံ...

*မယ်မယ်ကြီး...လာပါ ထိုင်ပါဦး...အလောတကြီးနဲ့ပါလား...

မယ်မယ်ကြီးက အိမ်ရှေ့စံ   နောက်ဘက်က ကွက်လပ်မှာ တယောက်ထဲ ဆော့နေတဲ့ မြစ်တော်ကို လှမ်းကြည့်ကာ သက်ပြင်းချသည်။

Something (တစုံတရာ) (U&Z) - CompletedWhere stories live. Discover now