(Unicode)
အိမ်ရှေ့စံရဲ့ စိတ်ဇောကြောင့် မနားခဲ့ရတဲ့ ကိုယ်ရံတော် တပ်တွေက ဟယ်ဖျင်မြို့ကို လေးရက်မြောက်နေ့ ညနေတွင် ရောက်ခဲ့ကြသည်။ မြို့တော်ထဲမှာ လူသူများစွာ ပျားပန်းခတ်မျှ သွားလာနေကြပေမယ့် မျက်နှာများကတော့ ညိုးငယ်နေ သယောင်ရှိသည်။
ရန်ဖန်းက အခြေအနေကို ကြည့်ကာ အနီးအနားမှ လူတယောက်ဆီ ချဥ်းကပ်လိုက်သည်။
*လူလေး...ဒီမှာ တည်းခိုနိုင်မယ့် နေရာများ...ဘယ်နားမှာ ရှိမလဲ...
*ေဩာ်...ရှိတယ် ဦးကြီး...ဒီလမ်းမအတိုင်း သွားပြီး...ပထမဆုံး တွေ့တဲ့ ညာဘက်က လမ်းကို ချိုးလိုက်ရင်...ဗယ်ဘက်ခြမ်းမှာ ဟုန်ပင်း တည်းခိုဆောင်ကို တွေ့လိမ့်မယ်...အဲ့မှာ တည်းလို့ရပါတယ် ဦးကြီး...ပိုင်ရှင်က သဘောကောင်းတဲ့ ဆံဖြူအဘွားကြီးပါ...
*ကျေးဇူးပါကွာ...ဒါနဲ့...ဒီကလူတွေကို ကြည့်ရတာ တခုခု ဖြစ်နေသလိုပဲ...ဘာများ ဖြစ်ေနလို့လဲ...
*ဟင်းးး...ကျွန်တော်တို့ အိမ်ရှေ့စံပါဗျာ...လူယုတ်မာကောင် ချိုက်မာကို သူသေကိုယ်သေ တိုက်ခဲ့တာ...ဟိုကောင်ကတော့ သေပြီ...အိမ်ရှေ့စံကတော့ ဒဏ်ရာတွေများလို့...အခုအထိ သေမလား ရှင်မလား မသိသေးဘူး...ကျွန်တော်တို့ အတွက် အိမ်ရှေ့စံ အသက်ရှင်နေမှ ဖြစ်မှာလေ...နတ်နန်းကလည်း ဆုတောင်းပွဲတွေ လုပ်ပေးနေတာ...နေ့မအိပ် ညမအိပ်ပါပဲ...အခုထိတော့ သတိပြန်လည် မလာသေးဘူး...အဲ့ဒါကို စိတ်လေးနေကြတာဗျို့...
*ဘယ်လို...
အနီးအပါးမှာ ပါလာတဲ့ အိမ်ရှေ့စံ မျက်နှာက ဖြူဖျော့သွားရသည်။
*မြန်မြန်...မြန်မြန် သွားရအောင်...
အိမ်ရှေ့စံရဲ့ အသံတွေပင် တုန်ခါနေသည်ဟု ရန်ဖန်း ထင်မိသည်။
ရုတ်တရက်ကြီး ဒရောသောပါး ထွက်သွားတဲ့ လူအုပ်ကို ကြည့်ပြီး ထိုသူက နေရာမှာ ကြောင်ငေးကာ ကျန်ခဲ့သည်။
*ဘာဖြစ်နေတာလဲ...
*ဟိုမှာလေ...အိမ်ရှေ့စံအကြောင်း မေးပြီး...ဒရောသောပါး ထွက်သွားကြတယ်...
*ဘယ်သူတွေလဲ...
*ငါလည်း ဘယ်သိမလဲဟ...
✒ ✒✒ ✒✒✒
YOU ARE READING
Something (တစုံတရာ) (U&Z) - Completed