(Unicode)
*သတိရပြီလား ကောင်လေး...
အလင်းရောင်တချို့ကြောင့် ရှောင်းကျန့် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ နွေးထွေးတဲ့ စကားသံနဲ့ အတူ နူးညံ့တဲ့ ထိတွေ့မှုကြောင့် အသံလာရာဆီ ရှောင်းကျန့် ကြည့်လိုက်သည်။
*မင်း သတိမေ့နေတာ ၃ ရက်ရှိပြီ...နေရတာ သက်သာရဲ့လား...
ရည်မွန် ခံ့ညားတဲ့ အမျိုးသားကြီး တဦးနဲ့ ကြင်နာတတ်ပုံရတဲ့ အမျိုးသမီးကြီး တဦးကို မိမိ နံဘေးမှာ တွေ့လိုက်ရသည်။
*ကျွန်...တော်...ဘယ်ကို...
*ဒါက ဖုကော်က ရန်စံအိမ်တော်ပါ...ဦးလေးက နန်းတွင်း ပညာရှိ အမတ်ကြီး ရန်ဖန်းပါ...ဒါက မင်းကို ပြုစုပေးနေတဲ့ ဦးလေးရဲ့ ဇနီး မုေလးဟန်...မင်းကရော...
ရန်ဖန်းက အိပ်ရာပေါ်မှ ကောင်လေးကို ကြင်နာစွာ မေးလိုက်သည်။
*ရှောင်းရှောင်းကျန့် ပါ...ဟယ်ဖျင်ကပါ...ကျွန်တော်က...ဟို...
ခပ်တိုးတိုးလေး ဖြေနေတဲ့ ကောင်လေးကို ကြည့်ပြီး ရန်ဖန်း ခေါင်းငြိမ့်ပြလိုက်သည်။
*မင်းက ဘာလဲဆိုတာ...ပြောြပဖို့ ခက်ခဲေနရင်လည်း မပြောပါနဲ့...ဦးလေး နားလည်ပါတယ်...
*ဟို...လေ...အဲ့ဒါက...
*ရပါတယ် သားရယ်...အားမနာပါနဲ့...သခင်ကြီးက ပြောဖို့ မလိုဖူးဆို ထားလိုက်ပါတော့...
မုလေးဟန်က ကြားမှ ကြင်နာစွာ ဟန့်တားလိုက်သည်။
*လာ...ဆေးသောက်ပြီး ခဏလောက် အိပ်လိုက်ပါဦး...
မုလေးဟန် တိုက်တဲ့ ဆေးကို သောက်ပြီး ရှောင်းကျန့် ပြန်လည် အိပ်ပျော်သွားသည်။
သခင်ကြီး...ကျွန်မတို့လည်း သားသမီး မရှိတဲ့ အတူတူ...ဒီက သားကို ကျွန်မတို့ သားအဖြစ် မွေးစား လိုက်ရင် မကောင်းဘူးလား...သခင်ကြီး သဘောကရော...
*ကောင်းတာပေါ့ကွာ...ငါ့ စာဖတ်ခန်းက စာအုပ်တွေကို...စိတ်ပါလက်ပါ ဖတ်မယ့် သားတယောက် ရတာပဲပေါ့...
✒ ✒✒ ✒✒✒
စာဖတ်ခန်းထဲမှာ ထိုင်ရင်း ရန်ဖန်း စဥ်းစားခန်း ဝင်နေမိသည်။
YOU ARE READING
Something (တစုံတရာ) (U&Z) - Completed