အပိုင်း ၅ (U&Z)

4.7K 394 4
                                    

(Unicode)

ဟယ်ဖျင်နန်းတော်.....

ဒုန်း...

*တယ်...ရာရာစစ ဘယ်သူကများ ဒီသတင်းမျိုး လွင့်ရဲ ရတာလဲ...လည်ပင်းပေါ်က ခေါင်းတွေက အငြိမ် မနေချင်တော့ဘူး ထင်တယ်...

ဟယ်ဖျင် နန်းတော်ရဲ့ ညီလာခံ ခန်းမမှာ ချိုက်မာတယောက် သူ့လူစုနဲ့ ဒေါသူပုန် ထနေလေသည်။ ဒီနန်းတော်မှာ သူ နေလာတာပင် ၂ နှစ်ကျော်နေပြီ။ ဒီ ၂ နှစ်အတွင်း အရင် မင်းကြီး လက်ထက်က တော်ဝင်သွေးတင်မက သွေးနီးစပ်တွေအထိ ချိုက်မာ အရှင် မထားခဲ့။ ဒီယုတ်မာတဲ့လူတွေရဲ့ လည်ချောင်းသွေးတွေနဲ့ ဟယ်ဖျင်နန်းတော်ကို ဆေးပြီး နိုင်ငံသစ်စဖို့ ကြံစည်ခဲ့သည်။

တခုပဲ။ ဘုရင့်သား ရှောင်းရှောင်းကျန့်က ပျောက်နေသည်။ ပိုဆိုးတာက ဘိသိက်ခံ ကျောက်ခန်းမရဲ့ သော့ ၉ ချောင်းက ရှောင်းရှောင်းကျန့်နဲ့ အတူ ပျောက်ကွယ် သွားခြင်းပင်။

ထို့ကြောင့်ပဲ တော်ဝင်သွေးနဲ့ မသက်ဆိုင်ဆိုသော ချိုက်မာ၏ နန်းတက်ပွဲသည် မည်သို့မျှ အထမမြောက်နိုင်တော့ပေ။ နိုင်ငံနဲ့ ပတ်သတ်သမျှ ပြုပြင်မှုများကို ဘိသိက်ခံ ခန်းမဆောင်မှပင် ပြောင်းလဲ နိုင်လေသည်။ အခုတော့ မိမိမှာ နန်းတော်ထဲ နေပြီး ရှင်ဘုရင် မဖြစ်တော့။

ထို့အပြင် စျေးများ၊ ဇာတ်ပွဲများ၊ ကုန်သည်များ စကားတောင်းစားများ သူဖုန်းစားများ ထံမှ မင်းသား ရှောင်းရှောင်းကျန့်က သူ ပြန်လာမည်ဖြစ်ကြောင်း အခုအချိန်မှာ ပြင်ဆင်နေရသည်အတွက် ချက်ချင်း မလာနိုင်တာကို ခွင့်လွတ်စေချင်ကြောင်း သူ ပြန်လာသည်အထိ တိုင်းသူ ပြည်သားတို့က မိုးနတ်မင်းရဲ့ အလိုအတိုင်း နတ်နန်းမှ အုပ်ချုပ်မှုကို ကောင်းမွန်စွာ လိုက်နာစေလိုကြောင်း သတင်းစကားများ ထွက်ပေါ်လာလေသည်။

မည်သူ့ထံမှ စ သနည်း။ အဖြေရှာမရ။ သို့သော် မင်းကြီးရှောင်းဟန်ရဲ့ အရိပ်အောက်မှာ နေခဲ့ကြတဲ့ ပြည်သူတွေက ချိုက်မာကို မလှန်သာလို့ ကြည့်နေသည့် သဘော။ ချိုက်မာမှာလည်း သဘောမတွေ့တိုင်း ဖမ်းဆီးနေရသည်ကသာ အလုပ်တခု ဖြစ်နေသဖြင့် ကျန်တဲ့ ကိစ္စမလုပ်နိုင်။

Something (တစုံတရာ) (U&Z) - CompletedWhere stories live. Discover now