ပေကျင်း တက္ကသိုလ် ဝင်းထဲသို့ တဖိတ်ဖိတ်နက် မှောင်တောက်ပနေတဲ့ အနက်ရောင်ကားတစ်စီးထိုးရပ်လိုက်တာနဲ့ ဘေးပတ်ပတ်လည်ရှိလူများက ထိုကားပေါ်ကဆင်းလာမဲ့ သူကိုသာ အာရုံပြုကာ....ကားပေါ်ကနေ ကျော့မော့စွာဆင်းလာတဲ့သူကတော့ ဟုတ်ပါသည်... တရုတ်ပြည်ရဲ့ Top 5 စာရင်းဝင် Xiao cosmetic ရဲ့ သားအကြီး Xiao XiaoZhang!! ခေါ် စီးပွားရေးမေဂျာKing မာနခဲလေး....
အဖြူနဲ့အနက်စက်ထားတဲ့ ရှပ်အကျီကို တံတောင်ဆစ်ထိခေါက်တင်ထားကာ စတိုင်လ်ပန်အနက်နဲ့တွဲဖက်ဝတ်ဆင်ထားပြီး ဆံပင်များကိုနောက်ပြန်တင်ထားပုံက ခန့်ညားခြင်းကို ပိုပြီးအထောက်ပံ့ပြုနေသလို... တိကျသေသပ်တဲ့မှေးရိုး နှာတံမြင့်မြင့် တင်းတင်းစေ့ထားတဲ့နုတ်ခမ်းပါးရဲစိုစိုတို့က မာနကြီးခြင်းအသွင်ပြင် ထင်ဟပ်စေကာ... နုတ်ခမ်းပါးအောက်က မှဲ့နက်လေးကတော့ သူဖြူစင်ကြောင်းသက်သေပြနေသလို.....
ရှောင်ကျန့်ကားပေါ်က ဆင်းလာတာမြင်တာနဲ့ တစ်ချို့မိန်းခလေးများက ထအော်သလို အချို့က ပဲများက Attention ယူနေသလို တစ်ချို့က ရှက်သွေးဖြာကာ....
သို့ပေမဲ့ ရှောင်ကျန့်ကတော့ ဂရုမစိုက်စွာပင် ဒီနေ့ထပ်ရမဲ့ စာအတွက် စာအုပ်ကိုသာတောင်လှန်မြောက်လှန် ကြည့်ကာ သူ့အခန်းသို့သွားသည့် လမ်းဘက်ကိုသာ တစိုက်မတ်မတ်လျောက်လျက်....
ထိုစဥျ...ဘုတ်!! အင့်!!
ရိပေါ်တစ်ယောက် ရှပ်ပြာရှပ်ပြာဖြင့် အထွက်လမ်းကိုဦးတည်ကာ တည့်မတ်စွာ မပြေးရုံတမယ်လျောက်လာလေတော့ တစ်ဖက်ကလူဖြင့်တိုက်မိပြီး ထိုလူလက်ထဲက စာအုပ်ကလွတ်ကျကာ ကိုယ်ကလဲယိုင်သွားပြီး ရိပေါ်ခါးကိုလှမ်းဆွဲလိုက်လေတော့ လမ်းမထက်မှာ နှစ်ယောက်သားအရှိန်မထိန်းနိုင်စွာ ထပ်ရပ်ကြီးပြုတ်ကျကာ နူတ်ခမ်းနှစ်ခုဟာလဲ ထပ်တူကျသွားလျက်အနေထားဖြင့်...👨❤️💋👨👨❤️💋👨
ရှောင်ကျန့် ဒေါသကငယ်ထိပ်ရောက်နေပြီထင်... အပေါ်က ထပ်ရပ်ဖြစ်နေတဲ့ အူကြောင်ကြားမှန်ကြောင် ရုပ်ဆိုးလေးက မျက်စိကြီးစွတ်မှိတ်ထားကာ....
ရှောင်ကျန့်အပေါ်က ရုပ်ဆိုးကိုတွန်းဖယ်လိုက်ကာ ထထိုင်လိုက်ပြီး နာနေတဲ့နုတ်ခမ်းကို ဖိကြည့်တော့ သွေးစလေးအချို့ကလက်မှာကပ်ပါလာကာ....
YOU ARE READING
ကိုယ့်ရဲ့....Angel (Complete )
Fanfictionပုံတုံးတုံးလေးနဲ့ ချစ်စရာကောင်းတဲ့ကောင်လေးရယ်.... အချစ်ကိုအယုံကြည်မဲ့တဲ့ ခပ်ချောချောကောင်လေးရယ်....