နောက်တစ်နေ့ကျောင်းပြန်တတ်တော့ ရိပေါ်ကို ကျန့်ကောကောက သူ့ကားနဲ့ကျောင်းခေါ်လာပေးတယ်...
ခြေထောက်နာနေတာကြောင့်ဒီနေ့လိုက်ခဲ့ဆိုပဲ..
မနေ့ညက ဖိနပ်ပေါက်သွားတဲ့ခြေဖနှောင့်လေးကိုလဲ ကျန့်ကောကောက ဆေးထည့်ပေးတယ် မာမားကိုလိုက်ကူလို့လုပ်ပေးတါနော်ဆိုပြီးမျက်နှာတည်ကြီးနဲ့ပြောသွားသေး...ခြေဖနှောင့်က ပလာစတာကိုကြည့်ပြီး ရိပေါ်ပြုံးမိတယ်... ဒီလိုဂရုတစိုက်ကြင်နာပြတာ ဒီအိမ်ရောက်တဲ့တစ်လအတွင်း ပထမဆုံးပါပဲ...။
ကျောင်းဂိတ်ပေါက်မရောက်ခင် ရိပေါ်ဆင်းရပြန်တယ်လေ... ။ အင်းလေ.. ရိပေါ်တို့သူ့အိမ်မှာနေတာ ကောကောက မသိစေချင်တာကိုလူမြင်ခံရအောင် ကျောင်းထဲထိဘယ်ခေါ်ပါ့မလဲ..။
နီးနေပြီ လျောက်နိုင်တယ်မလားမေးတော့ ခေါင်းငြိမ့်ပြလို့ ဆင်းနေခဲ့လိုက်တယ်...။
...
....
ရိပေါ်ထော့နဲ့နဲ့ ဖြင့်ကျောင်းဝန်းထဲဝင်လာတော့...
လန်ယွမ့်ကောကောနဲ့တည့်တည့်တိုးတာပဲ... ရိပေါ်ပြေးမယ်ကြံကာရှိသေး...လန်ယွမ့်..... ညီမလေး ဘာလို့ပြေးတာလဲ 😂
ဟုပြောလဲပြောရီလဲရီကာ ရိပေါ်လက်မောင်းကိုလှမ်းဆွဲတဲ့ ယွမ့်ကောကောကို မျက်စောင်းတွေချည်းလိမ့်ပိမ့်ထိုးပစ်တယ်...။လန်ယွမ့်...... ညီမလေးပေါ်ပေါ်က မျက်စောင်းထိုးတာ ချစ်စရာလေးနော်..။
တွေ့လားအဲ့ကောကော ရိပေါ်ကိုလှောင်နေတာ..။ ရိပေါ်ရှက်လွန်းလို့ ခေါင်းပဲငုံ့လို့နုတ်ခမ်းကိုက်ထားမိလိုက်တယ်။
လန်ယွမ့်..... ရိပေါ်... စိတ်ဆိုးသွားတာလား.. ကောက စတာပါ... စိတ်မကောက်နဲ့တော့ညီမလေး...
Yb....... ကော... ရိပေါ်ကိုမစပါနဲ့တော့ဗျ.. ရိပေါ်ရှက်လို့....
ဟုပြောတော့ ရိပေါ်ပါးနှစ်ဖက်ကိုဆွဲညစ်ကာ ရီနေပြန်ရော...။ တစ်ကယ်ပါပဲ အဲ့ကောကောက မျက်နှာရူး။
မနေ့ညက ဘာလို့အဲ့လိုဝတ်ပြီးပွဲတတ်တာလဲ မေးပြန်တော့ ရိပေါ်မညာချင်တာနဲ့ပဲ ပြောပြလိုက်ရတယ်..။ ကျန့်ကောကောကိုပြန်မပြောဖို့မှာရသေး..။ ကျန့်ကောကောက သူ့အိမ်မှာနေတာ ဘယ်သူ့ကိုမှမသိစေချင်ဘူးမလား..။ အဲ့တာကြောင့် ယွမ့်ကောကောကို နားလည်အောင်ရှင်းပြရသေးတယ်..။
![](https://img.wattpad.com/cover/298334074-288-k206333.jpg)
YOU ARE READING
ကိုယ့်ရဲ့....Angel (Complete )
Fanfictionပုံတုံးတုံးလေးနဲ့ ချစ်စရာကောင်းတဲ့ကောင်လေးရယ်.... အချစ်ကိုအယုံကြည်မဲ့တဲ့ ခပ်ချောချောကောင်လေးရယ်....