ကိုယ့်ရဲ့.....Angel Ep (14)

2.8K 163 3
                                    

XZ..... baby လေး ကော ကိုချစ်လား။

Yb..... ချစ်ပါတယ်ဆို။ ကော မေးနတော အကြိမ် ၁၀၀ မကတော့ဘူးနော်။

ခုကတော့ ချစ်ရတဲ့ baby လေးနဲ့ baby လေးရဲ့ကောကော တို့က ​ မွေ့ယာအထက်မှာ baby လေးကို ကောရဲ့ရင်ခွင်ထဲ ပစ်သွင်းထားပြီးချစ်ကြည်နူးတစ်တီတူးနေတာဖြစ်တယ်။

XZ..... ကောက baby လေးပြောတာကြားချင်တာကိုးလို့။

နုတ်ခမ်းကိုတမင်စူအောင် ထော်ကာပြောနေတဲ့ကျန့်ကောကိုကြည့်ကာရိပေါ်မှာအချစ်ပိုရတယ်။ကောကဒီလိုလဲ ချစ်ဖို့ကောင်းသတဲ့လား....

မနေ့ညက ရိပေါ်အဖြေပေးပြီးတော့ ကောကရိပေါ်ကိုဖေးကျဲနဲ့အကြောင်း စီကာပတ်ကုံးရှင်းပြတယ်။
ကျဲကလေ သဘောထားပြည့်ဝလွန်းပါရဲ့။
ရိပေါ်သာဆိုရင် ကိုယ်ချစ်တဲ့သူကိုအဆုံးရူံးမခံနိုင်ဘူးလို့ထင်တယ်။
ရိပေါ်ရင်ထဲစိတ်မကောင်းဖြစ်မိတယ်။ကျဲက ကောကိုသိပ်ချစ်ခဲ့တာမလား။ရိပေါ်မှားသွားပြီလား ကောအချစ်ကိုလက်ခံခဲ့တာ။

ရိပေါ်ကောကိုချစ်မိတာနောင်နရတာမျိုးမဟုတ်ပေမဲ့ပြန်ချစ်ခဲ့တာမှားလားလို့တွေးမိခြင်းက ကျဲအပေါ်ရက်စက်သလိုများဖြစ်သွားလေသလားရယ်။

Yb.... ကော...

XZ.... ဗျာ......
ရိပေါ်ဂုတ်ပိုးပေါ်ကမှဲ့လေးတွေကိုတို့ထိရင်းထူးလာတဲ့ ကော..

Yb..... ရိပေါ် ကို ဘယ်တုန်းက ချစ်မိသွားတာလဲ...
ရိပေါ်အမေးကြောင့်ရှောင်ကျန့်ကရိပေါ်ကိုသူနှင့်မျက်နှာခြင်းဆိုင်ဆွဲလှည့်ပြီးနဖူးထက်အနမ်းတစ်ပွင့်ခြွေချတယ်။

XZ...... ဒီအချိန်ကတည်းကထင်တယ်။
ဟုပြောကာ ကောဖုန်းထုတ်ပြီး ရှောင်ရိလေးနဲခြံထဲမှာကြက်တောင်စီးလေးနဲ့ရိပေါ်တို့ကစားနေတဲ့ပုံထုတ်ပြလာတယ်။

ရိပေါ် အံသဥွားရတယ်။ကောက ရိပေါ်အရင်ကပုံစံကိုမုန်းတယ်ထင်ခဲ့တာ။ ပြောင်းလဲသွားတဲ့ရိပေါ်ကိုချစ်တယ်ထင်ခဲ့တာ။ခုပုံကရိပေါ်ဆံပင်မညှပ်ရသေးခင်ကတဲ့လေ။

Yb...... ကော... အဲ့ကတည်းက baby ကို ကြီတ်ကြွေနေတာပေါ့လေဟုတ်လား။ပြပါဦးခိုးရိုက်ထားတာတွေရှိသေးလားလို့။

ကိုယ့်ရဲ့....Angel (Complete )Where stories live. Discover now