ရှောင်ကျန့် နေမရထိုင်မရ ဖြစ်နေရလေပြီ။ အကြောင်းကတော့ ချစ်ရတဲ့ အသဲအသက်ကလေးက မိုးမိပြီး ဖျားနေလို့ပေ။
ရိပေါ် ဖျားနေတာကြောင့် သူအတော်စိတ်ပူနေရတယ်။ရိပေါ်က ဖျားရင် အရမ်းဂျီကျတတ်တယ်ဟု ဝမ်ပါးကပြောတော့ ပိုပြီး ဂရုစိုက်ရတယ်။
ခုရှောင်ကျန့်စိတ်ညစ်တာက အခြားမဟုတ်။ ဖျားနေတဲ့ သူ့အချစ်လေးက ဝမ်ပါးနဲ့ မားက လွဲပီး ဘယ်သူမှအကပ်မခံပေ။ ဝမ်ပါးက ဆိုင်တစ်ဖက်နဲ့ဆိုတော့ ခု မားကိုပဲ အကပ်ခံတယ်။ဝမ်ပါးပြောသည်က ရိပေါ်က ငယ်ကတည်းက ဖျားလေ့သိပ်မရှိဘူးတဲ့ ဒါပေမဲ့ ဖျားပြီ ဆိုရင်တော့ သူချစ်တဲ့ သူကလွဲပြီး အကပ်မခံတော့ဘူးတဲ့။
သဘောကတော့ သူ့စိတ်ထဲ အရမ်းတွယ်တာတဲ့သူကိုပဲ ချွဲကာဂျီကျတာမျိုးပေါ့။ ခု ရှောင်ကျန့်ကို အကပ်မခံတော့ ရှောင်ကျန့်စိတ်ထဲ အလွန်ဝမ်းနဲမိပါသည်။ အသဲတုန်းလေးက သူ့ကို မချစ်ဘူးပေါ့ဆိုတဲ့အတွေးကြောင့်ပင်။ခုလဲ မားကဆန်ပြုတ်ကျွေးမို့ ယူလာတုန်း မားသူငယ်ချင်းက ph ဆက်လာသည်မို့ ph ပြောနေတာကြောင့် ရှောင်ကျန့်ပဲ ပန်းကန်လေးယူကာ အချစ်တုန်းလေးဆီသွားရသည်။
Aww နောက်တစ်ခုက အသဲတုန်းလေးဖျားနေတာ ၂ ရက်ရှိလေပြီ။ ဒီနှစ်ရက်ကို ရှောင်ကျန့်မှာ ရှောင်ရိနဲ့သွားအိပ်ရတယ်။ အသဲတုန်းလေးက လုံးဝအကပ်မခံတဲ့အပြင် မားကလဲ အဖျားကူးမှာဆိုးလို့ဟုဆိုကာ။
အခန်းထဲဝင်တာနဲ့ တွေ့ပါပြီ အသဲတုန်း Baby ဝမ်လေး။ ရှောင်ကျန့်ကိုမြင်တာနဲ့ တစ်ဖက်ကို မျက်နှာလွဲထားကာ စူပုတ်နေလေရဲ့...။
ဖျားနေတာကြောင့်ပဲလားတော့မသိဘူး ပိုပြီးချစ်ဖို့ကောင်းနေသလိုပဲ။XZ...... ဝမ်လေး... ဆန်ပြုတ်သောက်မယ်လေနော်။
ရှောင်ကျန့်အသံကို ချိုနိုင်သမျှချိုသာအောင်ပြောတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်လာတဲ့ baby လေး။
အား.... ဆွဲမွလိုက်ရရင်မကောင်းရှိတော့မယ်။ ရှောင်ကျန့်ရေ..စိတ်ထိန်းစမ်း ကလေးက နေမကောင်းဘူးဟ။
Yb....... မာမားကော...
ကြည့်... မားကိုပဲမေးနေတော့ ရှောင်ကျန့် မားကိုတောင်မနာလိုဖြစ်လာပြီ။
ဘယ်အချိန်မျိုးမဆို baby လေးက ကိုယ့်ကိုသာ တမ်းတစေချင်သည်လေ။

YOU ARE READING
ကိုယ့်ရဲ့....Angel (Complete )
أدب الهواةပုံတုံးတုံးလေးနဲ့ ချစ်စရာကောင်းတဲ့ကောင်လေးရယ်.... အချစ်ကိုအယုံကြည်မဲ့တဲ့ ခပ်ချောချောကောင်လေးရယ်....