ကိုယ့်ရဲ့...... Angel Ep (9)

2.8K 206 6
                                    

ရိပေါ် ခု ကျောင်းမှာ အက လေ့ကျင့်နေတယ်။
ကျောင်းစုံညီက တစ်ပါတ်လောက်သာ လိုတော့သည်မို့ ဒီရက်တွေအတွင်း အများကြီးလေ့ကျင့်နေရသည်။

ရိပေါ် အကသာ တိုက်နေရတာ စိတ်က ပူရှိန်းရှိန်းဖြစ်နေရတယ်။
အကြောင်းကတော့ ရိပေါ် လေ့ကျင့်နေတာကို ကျန့်ကော တို့သူငယ်ချင်း ၃ ယောက်ရယ် ယွမ့်ကောရယ် ကျိယန်ရယ် ဖန်ရှင်းရယ် ပြီးတော့ ကျောင်းသူ ကျောင်းသား အချို့ရယ် ကြည့်နေကြသည်မှာ ရိပေါ် ရှက်လာသလိုပင်။

ရိပေါ် သံစဥ်နဲ့စီးမျှောရင်း ခန္တာကိုယ်ကို အသားပေးကချိန်မျိုးဆို ကျောင်းသူတွေက ထ ထ အော်တတ်သေးတယ်။
တစ်ကယ်ပဲ နားတွေငြီးလိုက်တာ ဆိုသည်မှာ..။

ကျန့်ကော ကတော့ မလူပ်မယှက် ရိပေါ်ကိုသာ ထိုင်ကြည့်နေလေတယ်။
အဲ့နေ့က သူနဲ့ ပြသနာ အနဲငယ် ဖြစ်ပြီးတဲ့နောက် ကျန့်ကောက ရိပေါ် နဲ့သိပ်စကားမပြောတော့ဘူး..။
ဒါပေမဲ့ ရိပေါ်ပဲ စိတ်ထင်တာလားတော့မသိ ရိပေါ် ရှိတဲ့နေရာ တိုင်းမှာ ကျန့်ကော လဲ ရှိနေတတ်တယ်။ အတန်းချိန်က လွဲလို့ပေါ့...။

ပြီးတော့ ညဘက် ပါးဆိုင်ကိုလဲ လာကူသိမ်းပေးတယ် ။ ပါးလဲခု ကူလုပ်ပေးတဲ့သူတွေရှိလာတော့ ရှောင်းအိမ်ပြန်အိပ်ဖြစ်ပြီလေ..။ ကောနဲ့ ရိပေါ် စကားသိပ်မပြောဖြစ်တော့ပေမဲ့ ညဘက် ပါးဆိုင်ကူသိမ်းပေးပြီးရင် ရှောင်းအိမ်ကို ၃ ယောက်သား လမ်းလျှောက်ပြန်ဖြစ်တယ်..။ ပါးနဲ့ကော ကတော့ လေပေးလေယူတည့်ပေမဲ့ ရိပေါ်ကတော့ ဘေးကနေ ဒီတိုင်းလေးပေါ့..။

ညဘက် အဲ့လို ၃ ယောက်ပြန်ရတဲ့အခါ ရိပေါ် ရင်တွေခုန်လိုက်တာ ဆိုသည်မှာ ပေါက်ထွက်တော့မလားမှတ်ရတယ်။ သိပ်မခုန်ပါနဲ့တားပေမဲ့ နှလုံးသားက ရိပေါ်စကားနားမထောင်လေဘူး။ ကျန့်ကောကိုမြင်တာနဲ့ အလိုလိုကို ခုန်ပြီးသားပဲ...။
ကော က ရိပေါ်ကိုပြုစားနိုင်လွန်းတယ်...။

လန်ယွမ့်..... ပေါ်လေး မောပြီလား ရေသောက်ဦး...ရော့.။

ခနနားချိန် ရေဘူးကမ်းပေးလာတဲ့ ယွမ့်ကော...။

ရိပေါ်ယူပြီးသောက်ကာ ကျေးဇူးတင်ကြောင်းပြောလိုက်တယ်။

ကိုယ့်ရဲ့....Angel (Complete )Where stories live. Discover now