ကိုယ့်ရဲ့.... Angel Ep (2)

3.6K 251 8
                                    

ရိပေါ်ဆိုင်သိမ်းကူပြီးမှ ရှောင်အိမ်တော်ကိုပြန်ခဲ့လိုက်တယ်....
ခြံဝကနေလှမ်းကြည့်တော့ ဝရံတာလေးမှာကျန့်ကောကောက ph ပြောနေသည့်ဟန် ပြုံးရွှင်လို့ရယ်...
ဒါပေမဲ့လဲ ရိပေါ်ကိုမြင်သွားတော့ချက်ခြင်းကိုမျက်မှောင်ကြုံ့ပစ်လိုက်ရော... ။ အဲ့ကောကောကလေ ရိပေါ်ကို သိပ်မုန်းတယ်ထင်ပါရဲ့။ မတော်တဆလေးကိုအဲ့လောက်အငြိုးထားစရာလားလို့...။

ကောကော ရိပေါ်ကို စကားပြောတဲ့နေ့ကျရင်တော့ပြောချင်သေးရဲ့..။ ကော ပြုံးရီနေရင် အရမ်းချောပြီးကြည့်ကောင်းတဲ့အကြောင်းလေး...။

Yb..... ပြန်ရောက်ပါပြီခင်ဗျ...
လို့နူတ်ဆက်လိုက်တော့ ရှောင်မားက မီးဖိုခန်းထဲကနေ ပြေးထွက်လို့လာလေတယ်..။

X..ma..... ပေါ်ပေါ်လေးပြန်လာပြီလား... ဗိုက်ဆာနေပြီလားသား...ကိုယ်လက်သန့်စင်ပြီးဆင်းခဲ့နော်..မာမားထမင်းပွဲပြင်ထားလိုက်မယ်။aww သားရဲ့ကောနဲ့ တိတိလေးကိုလဲတစ်ခါတည်းခေါ်ဆင်းခဲ့နော်...

အရှည်တဝေးပြောကာ မီးဖိုခန်းထဲပြန်ဝင်သွားတဲ့ရှောင်မားကိုကြည့်လို့ရိပေါ်ပြုံးမိပြန်ရော..။

ရှောင်မားက မာမားလို့ပဲခေါ်ခိုင်းတော့ ရိပေါ်လဲအဲ့လိုပဲခေါ်ရတယ်။ တစ်ကယ်ဆိုရိပေါ် မာမားလို့ခေါ်ရတာရင်ထဲသိပ်နွေးထွေးတယ်။ ရိပေါ်ငယ်စဥ်ကတည်းကသိပ်ခေါ်ချင်တဲ့နာမ်စားလေးခေါ်ခွင့်ရလေတာ ရိပေါ်ကံကောင်းတယ်။ အင်း..အဲ့ မာမားလို့ခေါ်ခွင့်ရတာလေးနဲ့တင် ဒီအိမ်မှာနေရတာ ရိပေါ်ပျော်တတ်ပြီ။...။
အတွေးစကိုဖြတ်လို့ အိမ်ပေါ်ထပ်သို့တတ်ကာ....

....
....

ရိပေါ် ရှောင်ရိလေးကို ထမင်းစားဖို့ခေါ်တော့ ရှောင်ရိကအရင်ဆင်းသွားလေတယ်...။ ခက်တာက အခု ကော အခန်းရှေ့မှာ ရိပေါ် ဘယ်လိုခေါ်ရမှန်းမသိလို့ တောင်လျောက်မြေက်လျောက်။

ကောကို တစ်ကယ်ကြောက်သည်။ စူးရဲစွာကြည့်တတ်တဲ့မျက်ဝန်းကြည်လေးတွေကိုကြောက်တယ်။ ရိပေါ်ကိုမြင်ရင် အလိုလိုတွန့်ချိုးထားတတ်တဲ့ မျက်ခုံးတွေကလဲ အလိုမကျမူ့ထင်းနေတာတောင် ကြည့်ကောင်းနေတော့လဲခက်..။

ကိုယ့်ရဲ့....Angel (Complete )Where stories live. Discover now