ကိုယ့်ရဲ့..... Angel Ep (20)

3.1K 168 4
                                    

ကဲ...Double upနော်။😘

XZ....... သိပ်ပျော်နေခဲ့လား...။ ကလေးတောင်ရနေပြီဆိုတော့...။

ကောပြောလိုက်တဲ့စကားကြောင့် ထွက်သွားဖို့ပြင်နေတဲ့ ရိပေါ်ခြေလှမ်းတွေက ရုတ်ချည်းရပ်သွားလေတယ်။

ရှောင်ကျန့် ရင်ထဲဝုန်းဒိုင်းကြဲနေခဲ့တယ်။ သူ သိပ်ချစ်ရတဲ့ baby ကို ရုတ်တရက်ပြန်တွေ့လိုက်ရတာ သူမယုံကြည်နိုင်လဲ ဖြစ်နေခဲ့တယ်။

သူ ဒီ ၅ နှစ်အတွင်း ဘယ်လောက်တောင် ရှာခဲ့ရသလဲ နေရာအနှံ့ ။ နောက်ဆုံးပြည်ပထိ စုံစမ်းခဲ့တယ်။ နောက်ဆုံးတော့ နယ်မြို့လေးမှာ ပုန်းနေခဲ့ပါလား။
ရှောင်ကျန့်ထင်တာက ဝေးဝေးပြေးသွားတယ် ထင်ခဲ့တာလေ။

ဘာတစ်ခွန်းမှ အကြောင်းပြချက်မပေးပါပဲ ထွက်သွားတဲ့သူ။ နာကြင်ခဲ့လို့များ ကိုယ့်ကို ဒဏ်ခတ်ခဲ့တာလားပဲ....။

XZ....... ဖြေလေ! !!!

ရှောင်ကျန့်အော်လိုက်တော့ ရိပေါ်သာမက ပုလုံးလေးပါလန့်သွားလေတယ်။

ကောက မျက်ခမ်းစက်တွေပါရဲပြီး ရိပေါ်ကို ပေါက်ထွက်မတတ်စိုက်ကြည့်ကာမေးနေလေတယ်...
ဟင့်အင်း မပျော်ခဲ့ပါဘူး။ ဒီ ၅ နှစ်လုံး ကော ကို တစ်ရက်မှ မမေ့ခဲ့ပါဘူး လို့ စိတ်ထဲက ပြောနေပေမဲ့ နူတ်ထွက်စကားက.....

Yb..... အင်း.... ကျနော်ပျော်နေခဲ့ပြီ...။

ဟုတ်တယ် ကော.... baby ကော ကို ပြန်တွေ့လိုက်ရလို့ ပျော်နေခဲ့ပြီ ခု......

ရှောင်ကျန့် စိတ်ထဲ တနုံ့နုံ့ ခံစားလိုက်ရတယ်။ baby က သူမရှိတဲ့အချိန်တွေမှာပျော်နေခဲ့သည်တဲ့...။ သူကတော့ သေလူလိုဖြစ်နေခဲ့တာလေ....

XZ....... မင်း သားလေး ဘယ်နှနှစ်ရပြီလဲ.... ဘယ်တုန်းကအိမ်ထောင်ကျတာလဲ....။

Yb....... သားက ၄ နှစ်ရပြီ။

ရှောင်ကျန့် ခနဲ့သလို ဟက်ခနဲ တစ်ချက်ရီမိလိုက်တယ်။ ဘာကြောင့်ဆိုတော့ သူ့ baby က သူ့ဆီက ထွက်သွားပြီးချင်း အိမ်ထောင်ကျခဲ့ခြင်းဖြစ်လိမ့်မည်။ သူ့သားလေးအသက်က ၄ နှစ်ဆိုတော့လေ....။

Baby ရာ.... မင်း သိပ်ရက်စက်တယ်။ ကော baby အပေါ် ရက်စက်ခဲ့တာ နောင်တချိန် ကော နဲ့ baby ရဲ့အနာဂတ်မှာ အရာရာ ခိုင်မြဲအောင် လုပ်ခဲ့ရုံပါ....။ baby ကတော့ ကော ကို အရက်စက်ဆုံးအပစ်ဒဏ်ပေးလိုက်ပြီပဲ.....။
....
....
ရှောင်ကျန့် ခု ဝမ်ပါးရဲ့ ဆိုင်လေးဆီရောက်နေခဲ့တယ်။

ကိုယ့်ရဲ့....Angel (Complete )Where stories live. Discover now