ကိုယ့်ရဲ့......Angel Ep(7)

3.2K 216 1
                                    

   ရိပေါ် လေးကန်နေတဲ့မျက်ဝန်းအစုံကို အားယူဖွင့်ကြည့်လိုက်တော့ ညတောင်ရောက်နေခဲ့ပြီ...။

တောကောင်လေးများရဲ့အသံကိုတောင် ကြားနေရပြီဖြစ်တာကြောင့် သေချာပေါက်ကို ညရောက်ခဲ့ပြီ
..။

သူသေချာစဥ်းစားမိတော့ မနက်က သူရေနစ်ခဲ့လေတာ...။ ပြန်တွေးကြည့်ရုံနဲ့ ကြောက်စရာကောင်းလှသည်။ ရေထဲမှာ ကူရာကယ်ရာ မဲ့နေတဲ့အချိန်။ နစ်မွန်းနေတဲ့ရေတွေ။ တဖြည်းဖြည်း နစ်မြုပ်လို့ မျှောပါပြီး နောက်ပိုင်းဘာမှမသိတော့ချေ။

သူထင်တာ ပြန်မနိုးတော့ဘူးထင်ခဲ့တာ...။

XZ..... သတိရပြီလား ဝမ်လေး..!!
ဟုခေါ်သံနှင့်အတူ ဆန်ပြုတ်ပန်းကန်လေးကိုင်လို့ တဲထဲဝင်လာတဲ့ကျန့်ကော ကိုမြင်မှ အတွေးလေးတွေပျောက်ကွယ်သွားရတယ်။

တဆိတ်... ကော ရိပေါ်ကို ဘယ်လိုခေါ်လိုက်ပါလိမ့်....

ကျန့်ကောက ရိပေါ်ဘေးဝင်ထိုင်လို့ တယုတရ ထူပေးကာ မည်သို့ခံစားနေရသေးလဲစသဖြင့် ခန္တာကိုယ် နေရာအနှံ့တဖွဖွထိကိုင်လို့မေးနေတဲ့ကောက စိတ်ပူနေတာလားပဲ...။

ငိုချင်ရက်လက်တို့ဆိုသလို မေးနေတဲ့ ကော ကြောင့် အားပါးတရ ငိုချပစ်လိုက်မိတယ်..။

XZ..... ဝမ်လေး... ဘယ်နားနာနေသေးလို့လဲ...။ ကော ကိုပြော.. ဘာဖြစ်တာလဲ ဘာလို့ငိုတာလဲ...။

ဝမ်းပန်းတနည်းငိုနေတဲ့ ကောင်လေးကိုကြည့်ကာ ရှောင်ကျန့် စိုးရိမ်စိတ်က ပိုမြင့်လာတယ်။

ခန္တာသေးသေးလေးကို ရင်ခွင်ထဲ အသာယာဆွဲသွင်းလို့ ကြောလေးပွတ်သပ်ပေးကါ အငိုတိတ်အောင်ချော့မြူနေရလေတယ်။

Yb....... ကျန့်ကော... အီးဟီး...  ရိပေါ် သေပြီထင်တာ... ရိပေါ် ပါးတို့ကို မတွေ့ရတော့ဘူးထင်တာ..အင့်... ဟင့်... ရိပေါ် အဲ့အချိန်တုန်းက အရမ်းကြောက်တယ်...

ကလေးတစ်ယောက်လို ရိူက်သံလေးတွေနဲ့ပြောပြနေတဲ့ ကောင်လေးရဲ့စကားတွေက ရှောင်ကျန့်ရင်ထဲထိပါ ဝမ်းနဲမူ့ကူးစက်စေခဲ့တယ်... ရှောင်ကျန့်လဲ ရိပေါ်ကိုပြန်မတွေ့ခဲ့မှာ သိပ်ကြောက်နေခဲ့သည်မလား...။

ကိုယ့်ရဲ့....Angel (Complete )Where stories live. Discover now