Chapter - 2

8.6K 639 31
                                    

Unicode

အပိုင်း ၂။ အဓိကမစ်ရှင်

" မင်းသားဝမ်က ဧကရာဇ်မင်းကြီးရဲ့ သားတော် ၆ ဖြစ်ပြီး အပျော်အပါးမက်တယ်။ တိုင်းပြည်အတွင်း ဆူပူမှုမရှိရင် မင်းသားဝမ်က အမြဲတမ်း ဆောင်ကြာမြိုင်မှာပဲ။ အိမ်တော်ကို ပြန်လာတယ်ဆိုတာ အရမ်းရှားတယ်။ ဒါပေမယ့် သူ့ရဲ့ ကောင်းမွန်တဲ့ တိုက်ရည်ခိုက်ရည်ကြောင့် သူက စစ်သူကြီးကောင်းတစ်ယောက်ပဲ။ ဧကရာဇ်ဝမ်ကလည်း မင်းသားဝမ်ရဲ့ အပျော်အပါးလိုက်စားမှုကို သိပ်မကြိုက်ပေမယ့် တိုက်ရည်ခိုက်ရည်ကိုတော့ အမြဲချီးကျူးလေ့ရှိတယ် "

" အဲ့ဒါဆို သူ့ကို သွားကြည့်ကြတာပေါ့ "

ရှောင်းကျန့်​ပြောပြီး မင်းသားဝမ်ရှိလောက်မည့် ဆောင်ကြာမြိုင်ကို system အား မေးပြီး ထိုနေရာသို့ ဦးတည်တော့သည်။

system ရဲ့ ပြောချက်အရတော့ မင်းသားဝမ်က နာမည်ကြီး ဆောင်ကြာမြိုင်တွေကို သွားလေ့ရှိတယ်တဲ့။

သူက မင်းသားဝမ်ကို ရှာဖို့ ဆောင်ကြာမြိုင်ကို သွားမည်ဆိုပေမယ့် လိုရမယ်ရ အခန်းထဲမှ ရှာတွေ့လာသည့် ငွေထုပ်လေးကို ယူခဲ့လိုက်သေးသည်။

ရှောင်းကျန့် နာမည်ကြီး ​ဆောင်ကြာမြိုင်များထဲမှ တစ်ခုဆီ ရောက်တော့ မင်းသားဝမ်ကို ရှာကြည့်ပေမယ့် သူမြင်ဖူးသည့် ပုံထဲက လူနှင့် တူသူတစ်ယောက်မှ မတွေ့။ သို့ပေမယ့် မိန်းမလှလေးတွေ များလွန်းသည်ကြောင့် ရှောင်းကျန့်က အကျအန နေရာယူလိုက်ပြီး သေရည်မှာသောက်ရင်း ထိုမိန်းမလှလေးများကို ငေးကြည့်နေ၏။

ဒါပေမယ့် သူက မိန်းမလှလေးတွေကို သူနဲ့ပျော်ဖို့မခေါ်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ကုမ္ပဏီက မန်နေဂျာအစ်မကြီးကို crush နေတာလေ။ ဒီမိန်းမလှလေးတွေနဲ့ ပျော်လိုက်ရင် crush အစ်မကြီးကို သစ္စာဖောက်သလို ဖြစ်သွားမှာပေါ့။ ရှောင်းကျန့်က အဲ့လောက်ထိ သစ္စာရှိတဲ့လူမျိုး။

ရှောင်းကျန့် သေရည်သောက်တာ ငါးခွက်လောက်သာ ရှိသေးပေမယ့် ပါးပြင်နှစ်ဖက်က နီရဲနေပြီး ခေါင်းလည်း လေးနေပြီ။

သည်သေရည်တွေက တော်တော်ပြင်းတာပဲ...။

ထိုအချိန်မှာပဲ မူလရည်ရွယ်ချက်ကိုမေ့လို့ မိန်းမလှလေးများအား ထိုင်ကြည့်နေသည့် သူ့ host ကို စိတ်ပျက်လက်ပျက်နှင့် မည်သည့်စကားမျှ မဆိုသာဘဲ တစ်လျှောက်လုံး ငြိမ်နေသည့် system ဆီမှ အသံထွက်ပေါ်လာသည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now