Chapter - 17

4.6K 481 22
                                    

Unicode

အပိုင်း ၁၇။ ငါးဖမ်းခြင်းပြဿနာ

ထို့အပြင် မကြိုးစားကြည့်သေးဘဲ ငါးရမရကို တပ်အပ်မပြောနိုင်ဘူးလေ။ ကံကောင်းပြီး ငါးရလျှင်ရနိုင်တာကြောင့်မလို့ ရှောင်းကျန့်က မြစ်ရေအောက်မှာ ကူးလွန့်နေသည့် ငါးများကို သေချာအာရုံစိုက်၍ ဖမ်းရန်ကြိုးစားသည်။ သို့သော်လည်း ရေပြင်နှင့် သူ့လက်တို့ ထိခတ်သွားသည့်အသံနှင့်တင် ငါးတော်တော်များများက မဖမ်းရသေးခင်မှာပင် ထွက်ပြေးသွားကြပြီး သူရှိရာနေရာကိုပင် ငါးသိပ်မလာတော့တာကြောင့် ရှောင်းကျန့်မှာ နေရာခဏခဏပြောင်းပြီး ဖမ်းနေရသည်။ သို့သော်လည်း ဘာမှတော့သိပ်မထူးခြားပေ။ ကံကောင်း၍ ငါးကိုမိသွားလျှင်လည်း ဝမ်းသာစိတ်လေးမပျောက်သေးခင်မှာပင် ငါးကလက်ထဲမှ ချော်ထွက်ပြီး လွတ်သွားနှင့်ချေပြီ။ ထိုသို့နှင့် သူ၏မျက်နှာသည်လည်း ရေစက်နှင့် ချွေးတို့ဖြင့် ပြည့်နှက်နေတော့သည်။

အချိန်တွေသာ တဖြည်းဖြည်းကုန်ဆုံးလာပေမယ့် ရှောင်းကျန့်ကတော့ ငါးတစ်ကောင်မှကို ဖမ်းလို့မရသေးပေ။ နေအပူရှိန်လျော့ကျလာသည်နှင့်အမျှ တိုက်ခတ်လာသည့် လေများကလည်း ပို၍အေးလာသည်။ တစ်ကိုယ်လုံးနီးပါး စိုရွှဲနေသည့် ရှောင်းကျန့်လေးကတော့ လေတစ်ချက်ဝေ့တိုက်သွားတိုင်း လက်မောင်းနှစ်ဖက်ကို ပွတ်နေရတော့တာပါပဲ။ အမှန်အတိုင်းဝန်ခံရလျှင် ဘာပစ္စည်းအကူအညီမှမပါဘဲ ငါးဖမ်းရသည်ကို ဤမျှလောက်ခက်ခဲမည်ဟု မထင်ထားရိုးအမှန်ပါ။ အနည်းဆုံး တစ်ကောင်လောက်တော့ရမည်ဟု သူထင်ခဲ့သည်လေ။ သို့သော်လည်း အတွေးနှင့်လက်တွေ့က တခြားစီဖြစ်နေသည့် သူ့အဖြစ်သူပြန်တွေးမိသည့်အခါ သက်ပြင်းလေး ခပ်ဖွဖွချရုံသာ တတ်နိုင်တော့သည်။

ထင်းရှာပြီး ပြန်လာသည့် ဝမ်ရိပေါ်က မြစ်ထဲမှာ ကြိုးစားပမ်းစား ငါးဖမ်းနေရှာသည့် ရှောင်းကျန့်ကို ဦးစွာမြင်ပြီး စိတ်မလုံတလုံဖြင့် ကျောခိုင်းမိလိုက်သည်။ ဝန်မခံချင်သော်လည်း အပေါ်ပိုင်းဗလာနှင့်ရှောင်းကျန့်၏ ပုံရိပ်က သူ့ရင်ကို ပူလောင်စေသည်။ ဖြူဝင်းကောင်းမွန်သည့်အသားအရေ၊ လည်တိုင်ကျော့ကျော့အောက်တွင် ထင်ထင်ရှားရှားနေရာယူထားသည့် ညှပ်ရိုးတစ်စုံ၊ အဆီအပိုမရှိချပ်ရပ်နေသည့် ဗိုက်သားလေးတို့က သူ၏ ခေါင်းထဲတွင် နေရာယူအပြည့်ယူထားတော့၏။ ရုတ်ချည်းဆိုသလို ရင်ဘတ်မှ ပန်းရောင်သန်းနေသည့်အရာလေးများကို မြင်ယောင်လာမိသည့်အခါ ရင်ဘတ်ထဲတွင် ဗြောင်းဆန်လာတော့သည်မို့ အတွေးများကို ခပ်မြန်​မြန်ပင် ရပ်တန့်လိုက်ရတော့သည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now