Chapter - 7

5.5K 552 6
                                    

Unicode

အပိုင်း ၇။ မင်းသားဝမ်၏ နှလုံးသားကို သိမ်းပိုက်ရန် ရှောင်းကျန့်၏ အစီအစဉ်

ရှောင်းကျန့်က သူ့အခန်းထဲမှ စားပွဲဝိုင်းတစ်ခုတွင် နေရာယူလိုက်ပြီး စားပွဲပေါ် လက်ထောက်မေးတင်ရင်း အရန်မစ်ရှင်အောင်မြင်ရန် နည်းလမ်းကို စဥ်းစားနေရသည်။

" စိတ်ရှုပ်လိုက်တာ! အေးအေးဆေးဆေးကို မနေရဘူး "

ရှောင်းကျန့်က အလိုမကျစွာဖြင့် မျက်ခုံးများကို တွန့်ချိုးလိုက်သည်။ အချိန်တစ်ခုအထိ ကြာသွားပြီးမှ စကားသံတစ်ခု ထပ်ထွက်ပေါ်လာသည်။

" အချိန်သတ်မှတ်ထားတာမရှိဘူးမလား "

" မရှိပါဘူး "

" အဲ့ဒါဆို ဘာလို့အလျင်လိုနေဦးမှာလဲ "

ရှောင်းကျန့်က စောနက ဒုက္ခသည်ရုပ်နှင့် လားလားမျှမဆိုင်အောင် ရွှင်ပြုံးသွားပြီး သူ့ခေါင်းလေးကို ခေတ္တ အနားပေးထားလိုက်သည်။ သည်အရန်မစ်ရှင်ကို အောင်မြင်ဖို့ဆိုလျှင် မင်းသားဝမ်၏ စိတ်ဝင်စားမှုကို ပိုရဖို့ လိုအပ်သည်။

ရှောင်းကျန့်က သူ့အတွေးနှင့်သူ ပြုံးလိုက်သည်။

" မင်းသားဝမ်က ဘာကြိုက်လဲ "

" မိန်းမလှလေးတွေ "

system စကားကြောင့် ရှောင်းကျန့်က စိတ်အလိုမကျသလို နှာရှုံ့လိုက်သည်။

" အဲ့ကိစ္စတော်တော့။ ငါက အရာဝတ္ထုတို့၊ အစားအသောက်တို့ကိုပြောတာ "

" မင်းသားဝမ်မှာ ကြိုက်တဲ့အစားအစာမျိုးမရှိဘူး။ အရာဝတ္ထုဆိုလည်း သူက လိုချင်တာအကုန်ရနိုင်တာပဲ။ အဲ့ဒါကြောင့် သူ အထူးတလည် သဘောကျတဲ့ အရာဝတ္ထုမျိုးလည်းမရှိဘူး "

" ဟူး... "

ရှောင်းကျန့်က စိတ်ဓာတ်ကျစွာနှင့် လေးပင်သော သက်ပြင်းတစ်ခုချလိုက်သည်။

လူတစ်ယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်ချင်ရင် သူ့ရဲ့အစာအိမ်ကို အရင်သိမ်းပိုက်ရမယ်တဲ့။ မင်းသားဝမ်နား ချဉ်းကပ်ဖို့ အစားအသောက်နဲ့ သွားရမှာပေါ့။ အခုက နေ့လယ်စာစားချိန်ရောက်နေပြီဆိုတော့ သင့်လျော်တဲ့အချိန်ပဲလေ။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now