Chapter - 36

1.5K 94 2
                                    

Unicode

အပိုင်း ၃၆။ ရှည်လျားသည့်အိမ်မက်တစ်ခု

သူပျောက်ကွယ်တော့မည်ကို သတိထားမိသည့်ရှောင်းကျန့်က နောက်ဆုံးအနေနှင့် မင်းသားဝမ်၏ နှုတ်ခမ်းများကို နမ်းရှိုက်သည်။ မျက်ခွံများကို မှိတ်ထားခြင်းက သူ၏ မျက်ရည်များကို တားဆီးရန် နည်းလမ်းမဟုတ်ခဲ့ပါချေ။

ဝမ်ရိပေါ်က ပထမဆုံးအ​ကြိမ်အဖြစ် သူ့ဝမ်ဖေး၏ အနမ်းများကို မတုံ့ပြန်နိုင်ခဲ့ပေ။ သူ၏ဝမ်ဖေးက သူ့မျက်စိရှေ့မှာတင် ပျောက်ကွယ်တော့မည်ကို ဘာမှမလုပ်နိုင်ဘဲ ကြည့်နေရသည်က သူ့နှလုံးသားကို တစ်စစီ ဆွဲဖြဲနေသလိုပင်။ ဘာမှမကူညီနိုင်သောကြောင့် ပထမဆုံးအကြိမ် သူ့ကိုယ်သူ အားမရဖြစ်မိသည်။ ဝမ်ရိပေါ်က သူ့ရှေ့က ကွယ်ပျောက်တော့မည့်ပုံရိပ်လေးကို ဖမ်းဆုပ်ရန်ကြိုးစားပါသော်ငြား သူ့လက်ဖဝါးပြင်ထဲသို့ ကျဆင်းလာသည့် မျက်ရည်တစ်ပေါက်ကလွဲရင် ဘာကိုမှ မဖမ်းဆုပ်နိုင်လိုက်ပါချေ။ သူ၏ရှေ့တွင် ဗလာကျင်းနေသည့် အေးစက်စက်လေထုသာ ကျန်ခဲ့ပါတော့၏။ ဝမ်ရိပေါ်က မယုံကြည်နိုင်စွာ ခေါင်းခါသည်။ သက်ရှိထင်ရှားလူတစ်ယောက်လုံးက ရုတ်ခြည်းပျောက်ကွယ်သွားသည်တဲ့။ ဒါက သူလက်ခံယုံကြည်နိုင်သည့် အတိုင်းအဆထက် ပိုလွန်သွားခဲ့ပြီ။ ဝမ်ရိပေါ်၏ ခေါင်းထဲတွင် ရှောင်းကျန့်၏ တားမြစ်သံအချို့ကို ပြန်လည်ကြားယောက်လာ၏။

" မင်းသားဝမ် ဘယ်လောက်ချစ်လဲ ထုတ်ပြောစရာမလိုပါဘူး။ မင်းသားဝမ် ကျွန်တော့်ကိုချစ်တာ ကျွန်တော်သိတာမလို့ ထုတ်ပြောဖို့ မလိုအပ်ပါဘူး "

သူချစ်စကားဆိုခါနီးတိုင်း စကားလမ်းကြောင်းလွှဲသွားတတ်သည့်ပုံရိပ်တွေ၊ မှိုင်တွေတွေငေးငိုင်နေတတ်သည့် ပုံရိပ်တွေ၊ ညအချိန်များတွင် သူ့ကိုဖက်တွယ်၍ တိတ်တဆိတ်ငိုကြွေးသည့်ပုံရိပ်တွေ၊ အကုန်လုံးက သူ့ခေါင်းထဲတွင် စီစီရီရီ ပေါ်ထွက်လာလေသည်။ သူ့ဝမ်ဖေးနှင့်ပက်သတ်သည်များကို ပိုတွေးမိလေ၊ သူ့နှလုံးသားက ပိုနာကျင်လာလေ၊ ဝမ်ဖေးက သူ့ကို ထားသွားခဲ့သည်ကို မယုံကြည်နိုင်လေဖြစ်နေသည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now