Unicode
အပိုင်း ၂၈။ အဆိပ်ဖြေဆေး
" အတင့်ရဲလိုက်တာ! ငါက မင်းသား ၆ ဝမ်ရိပေါ်ရဲ့ ကိုယ်လုပ်တော်ရှောင်းကျန့်နော်! "
ရှောင်းကျန့်က တံတွေးနှင့်အတူ သူ၏ကြောက်စိတ်များကို မျိုချ၍ အသံကို တည်ငြိမ်အောင် လုပ်ယူပြောရသည်။
" .... "
ထိုလူများက ရှောင်းကျန့်၏ ခြိမ်းခြောက်စကားကို ပြန်လည်တုံ့ပြန်လာခြင်းမရှိသလို၊ သူ့လည်တိုင်ပေါ်မှ ဓားများကိုလည်း ပြန်မရုတ်သွားသေးပေ။ ရှောင်းတိုင်းပြည်ဘက်ကဆိုပါက သူ့ကို ရှောင်းကျန့်မှန်းသိသည်နှင့် အန္တရာယ်ပြုမည်မဟုတ်မှာသေချာသည်။ ထို့ကြောင့် ထိုလူများက ရှောင်းတိုင်းပြည်ဘက်က မဟုတ်ဘဲ ဝမ်တိုင်းပြည်ဘက်ကသာဖြစ်မည်ဟု ရှောင်းကျန့်က ကောက်ချက်ချလိုက်ပြီးနောက် အနည်းငယ်စိတ်သက်သာရာရသွားသည်။ ဝမ်တိုင်းပြည်ဘက်ကလူများက မင်းသားဝမ်ကို အန္တရာယ်ပြုမှာတော့ မဟုတ်ချေ။ သို့သော် ဘာကြောင့်များ သူ့ကို ဤကဲ့သို့ ဆက်ဆံနေရပါသနည်း။
" ကျွန်တော် မင်းသားဝမ်ကို ဆေးတိုက်မလို့ "
" ဆေး? "
ရှောင်းကျန့်၏အနောက်မှ မေးခွန်းပြုသံတစ်ခုထွက်လာပြီးနောက် နောက်တစ်ယောက်ကလည်း စကားစလာသည်။
" ဆေးလား အဆိပ်လားဆိုတာ မင်းဘယ်လိုသက်သေပြမှာလဲ "
" .... "
ရှောင်းကျန့်၏ မျက်ခုံးများက ထပ်မံတွန့်ချိုးလာ၏။ သူထပ်ပြီး သံသယဝင်ခံနေရပြန်ပြီ။ သို့သော် ဒါက မင်းသားဝမ်၏လုံခြုံရေးကြောင့်ဆိုသည်ကို တွေးမိပြန်တော့ ရှောင်းကျန့်၏ မျက်နှာက တစ်ဖန်ပြေလျော့သွားသည်။
" ဒါက မင်းသားဝမ်အတွက် အဆိပ်ဖြေဆေးပါ "
" မင်းလိမ်မယ်ဆိုလည်း ယုတ္တိရှိရှိလိမ်းစမ်းပါ။ တော်ဝင်သမားတော်ကတောင် အဆိပ်ဖြေဆေးကို မမြင်ဖူးဘူးလို့ပြောသွားတာ ငါတို့မကြားလိုက်ဘူးထင်လို့လား "
ဒါဆို သူတို့ သူ့ကို စောင့်ကြည့်နေတာကြာပြီပေါ့။
" ရှောင်းတိုင်းပြည်မှာ အဆိပ်ရှိမှတော့ အဆိပ်ဖြေဆေးလည်း သေချာပေါက် ရှိတာပေါ့ "
YOU ARE READING
Forced to Woo Prince Wang ⟪Completed⟫
Fanfiction" Prince Wang is a charm that makes him feel safe. " Start Date - 18 Jan 2022 ( Tue ) End Date - 2 Apr 2022 ( Sat ) Status - Completed: Edited Version Chapters in Total - 37 Chapters + 1 Extra Average words per chapter - 1,300 BJYX Myanmar Fanficti...