Chapter - 1

14.1K 628 31
                                    

Unicode

အပိုင်း ၁။ ကူးပြောင်းခြင်း

ယနေ့သတင်းတွင်တော့ ရှန့်ဟိုင်းမြို့၏ လမ်းမတစ်ခုမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထိုလမ်းကို ယာယီပိတ်ဆို့ထားကြောင်း ကြေညာနေသည်။ ထိုလမ်းထက်တွင်တော့ လူနာတင်ကားများ၏ အသံတို့ကသာ ပတ်ဝန်းကျင်တစ်ဝိုက်တွင် နေရာယူထား၏။ ယာဉ်တိုက်မှုကို လာရောက်စစ်ဆေးသည့် ရဲတချို့လည်း ရောက်နေကြသည်။

ရှောင်းကျန့်က ထိုယာဥ်တိုက်မှုကြောင့် ခေါင်းထိခိုက်သွားပြီး သတိမေ့သွားခဲ့သည်။ သူအသိရှိနေစဥ် နောက်ဆုံးမှတ်မိသည်က မီးပွိုင့်နီနေသည်ကိုတောင် ဂရုမစိုက်ဘဲ သူ့ထံ ဦးတည်လာသည့် ကားတစ်စီးပင်။ ထို့နောက်တွင်တော့ ထိတ်လန့်မှုများသာ ကြီးစိုးနေသည့် သူက ဘာမှမလုပ်နိုင်သေးခင်မှာပဲ ပြင်းထန်သည့် တိုက်ခိုက်သံကို ကြားလိုက်ရပြီး တစ်ပြိုင်နက်တည်း သူ့ခေါင်းက ဘေးဘက်မှ ကားမှန်နှင့် ဆောင့်မိသံပါ ထွက်ပေါ်လာသည်။ တိုက်မိရှိန်က မည်မျှလောက် ပြင်းသည်မသိ၊ ကားမှန်ကွဲအက်သွားသံကိုပါ တစ်ဆက်တည်းကြားလိုက်ရသေးသည်။ ထိုအချိန်ခဏလေးအတွင်းမှာတော့ သူခါးပတ်မပတ်မိခဲ့သည်ကို နောင်တရသွား၏။ သူ့ခေါင်းထဲမှ အလွန်မူးဝေသည့် ခံစားချက်ကို ခံစားရပြီးသည့်နောက်တွင် မြင်ကွင်းများ ဝေဝါးလာကာ မျက်ခွံများ ပိတ်ကျသွားပြီး အမှောင်ထုသာ ကြီးစိုးလာတော့၏။

သို့ပေမယ့် သူတစ်စုံတစ်ခုကို ခံစားနေရသလို။ သူအသက်ရှူနေသေးသည်။

ထိုခံစားချက်ကြောင့် လေးလံနေသည့် မျက်ခွံတို့ကို အားယူကာ ဖွင့်လိုက်တော့ သူနှင့် စိမ်းသက်နေသည့်နေရာတစ်ခု။ သူအသက်ရှင်နေသေးသည်ဆိုပေမယ့် သူရောက်နေသင့်သည့် ဆေးရုံမဟုတ်ဘဲ ရှေးခေတ်အသုံးအဆောင်၊ အပြင်အဆင်တို့နှင့်သာ ပြည့်နှက်နေသည့် အခန်းတစ်ခုကို မြင်တွေ့နေရသည်။ ထုံကျဉ်နေသည့်ခေါင်းထဲသို့ ပထမဆုံး ဝင်ရောက်လာသည်က ရူးကြောင်ကြောင်အတွေးတစ်ခု။

ရိုက်ကွင်းတစ်ခုကို ရောက်လာတာများလား။ မဖြစ်နိုင်တာ။ ရိုက်ကွင်းရောက်လာရအောင် သူက သရုပ်ဆောင်တစ်ယောက်မှ မဟုတ်ဘဲ။

Forced to Woo Prince Wang ⟪Completed⟫Tempat cerita menjadi hidup. Temukan sekarang