Chapter - 3

6.5K 608 10
                                    

Unicode

အပိုင်း ၃။ မင်းသားဝမ်၏ မွေးနေ့ပွဲတော်

" အလွန်ဆုံးမှ သေရုံပါပဲ။ မစ်ရှင်အောင်မြင်ရင်တော့ host ကမ္ဘာဆီ ပြန်ခွင့်ရမှာပါ "

" !!! "

သေတာကို ဘာကြီးကြီးမားမားမှ မဖြစ်ဘူးတဲ့လား။ သေချာပေါက် ဒီ system က သူ့ကိုသတ်ချင်နေတာပဲ။

" အခု မင်းသားဝမ်ရဲ့ host အပေါ် စိတ်ဝင်စားမှုက 5% ရှိပါတယ် "

5%!? ဘာလို့ အဲ့လောက်တောင်နည်းရတာလဲ!?

ရှောင်းကျန့်က သူ့အတွေးနှင့်သူ ယောက်ယက်ခတ်နေပြီး မင်းသားဝမ်၏ လက်မောင်းကို ပြန်မလွှတ်မိ။ ထို့ကြောင့် မင်းသားဝမ်က သူ့လက်ကို ပြန်ဆွဲထုတ်သည့်အခါ သတိမထားမိဘဲ ခန္ဓာကိုယ်က ယိုင်နဲ့သွား၍ အနောက်မှ စားပွဲနှင့် တိုက်မိကာ လဲကျသွား၏။

" နာလိုက်တာ "

ရှောင်းကျန့် နာကျင်မှုကြောင့် မျက်နှာလေးရှုံ့မဲ့သွားသည်။ သူ့ရှေ့မှ မင်းသားဝမ်ဆိုသူကတော့ သူ့ကို ထူပေးဖော်တောင်မရဘဲ ဆောင်ကြာမြိုင်ထဲမှ ထွက်သွားလေပြီ။ ရှောင်းကျန့်က ထိုမင်းသားဝမ် လှည့်ထွက်သွားသည်ကိုကြည့်ပြီး နောက်ကနေ ဆောင့်ကန်ချင်စိတ်တွေ တဖွားဖွား။

တကယ့်ကို မင်းသားဆိုပြီး မောက်မာနေလိုက်တာ! မင်းသားတိုင်း ဒီလိုပဲ မောက်မာကြတာလား!?

ရှောင်းကျန့် သူ့ဘာသာပဲ ကုန်းရုန်းထလိုက်ကာ စားပွဲပေါ်တွင် ငွေစအနည်းငယ်တင်ခဲ့ပြီး ဆောင်ကြာမြိုင်ထဲက ထွက်သွားလိုက်သည်။ ထို့နောက်မှာတော့ သေချာပေါက် ဝမ်ရိပေါ်နောက် လိုက်တာပေါ့။

ရှောင်းကျန့်ထင်ထားသည့်အတိုင်းပဲ ဝမ်ရိပေါ်က အခုထိ အိမ်တော်သို့ မပြန်သေး။ လမ်းကြားတစ်ခုထဲသို့ ဝင်သွားသည်ကို တွေ့လိုက်တာကြောင့် ရှောင်းကျန့်လည်း ခပ်သွက်သွက်ပဲ လိုက်ရသည်။ သို့ပေမယ့် system ၏ သတိပေးချက်ကို ကြားလိုက်သည့်အချိန်တွင်တော့ သူ့ခြေလှမ်းတို့ကို ရပ်တန့်လိုက်ပြီး အိမ်တော်သို့သာ ပြန်လာလိုက်ရသည်။

system ပြောသည်က သူ မင်းသားဝမ်နောက် လိုက်နေသည်ကို မင်းသားဝမ် သတိထားမိသွားပြီတဲ့လေ။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now