Chapter - 4

6K 591 13
                                    

Unicode

အပိုင်း ၄။ ကိုယ်လုပ်တော်ရှောင်း၏ ဖိအားပေးမှု

ပုဝါပါးအောက်မှ ဖြူလှပ်လှပ်မျက်နှာလေး ပေါ်ထွက်လာသည့်အခါ ရှောင်းကျန့်ကို မျက်မှန်းတန်းမိသည့် မင်းကြီးနှင့် အချို့ဧည့်သည်များက ခဏတာ မှင်တက်သွားကြ​ပေမယ့် ရှောင်းကျန့်၏ ထူးခြားသည့် အကစွမ်းရည်ကြောင့် ချီးကျူးစကားများမှာ အဆက်မပြတ် ပေါ်ထွက်လာလေသည်။ မင်းကြီးသည်လည်း ရှောင်းကျန့်ကို ဆုလာဘ်တချို့ ချီးမြှင့်ခဲ့၏။

ရှောင်းကျန့်ကလည်း ရိုသေစွာဖြင့် ဆုချီးမြှင့်သည်ကို လက်ခံလိုက်ပြီး ကျေးဇူးတင်ကြောင်းဆိုလိုက်သည်။ မင်းသားဝမ်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ မင်းသားဝမ်က သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှောင်းကျန့်က နှစ်လိုဖွယ်အပြုံးကိုသာ ချိတ်ဆွဲ၍ မင်းသားဝမ်ဆီမှ အကြည့်လွှဲလိုက်ချိန် မင်းကြီးဝမ်က စကားစလာသည်။

" ကိုယ်တော် မှတ်မိသလောက်ဆို မင်းက သားတော် ၆ ရဲ့ ကိုယ်လုပ်တော်တစ်ယောက်မလား "

ရှောင်းကျန့်က မင်းကြီးအား သူ့လေးစားမှုကို ပြသည့်အနေဖြင့် ဒူးထောက်လိုက်ပြီး အမေးစကားကို ပြန်ဖြေသည်။

" ဟုတ်ပါတယ် မင်းကြီး။ ကျွန်တော်က မင်းသား ၆ ရဲ့ ကိုယ်လုပ်တော် ရှောင်းကျန့်ပါ။ သည်နေ့က မင်းသားဝမ်ရဲ့ မွေးနေ့မလို့ ကျွန်တော် ကချေသည်အဖွဲ့ကို အကူအညီတောင်းပြီး မင်းသားဝမ်အတွက် ဖျော်ဖြေပေးတာပါ "

ရှောင်းကျန့်၏ စကားကို ကြားတော့ မင်းကြီးက သဘောတကျနှင့် ရယ်သည်။

" မင်းရဲ့ ဖျော်ဖြေမှုကို သားတော် ၆ က သေချာပေါက် နှစ်သက်မှာပါ "

" ကျေးဇူးတင်ပါတယ် မင်းကြီး "

ရှောင်းကျန့်က မင်းကြီး၏ ခွင့်ပြုချက်နှင့် မင်းသားဝမ်ဘေးတွင် ထိုင်ခွင့်ရသည်။

သို့သော်လည်း မင်းသားဝမ်က မျက်ခုံးများကို ကျုံ့၍သာ သူ့ကို တစ်ချက်ကြည့်လာပြီးနောက် ထပ်ပြီး ဂရုမစိုက်တော့ချေ။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now