Chapter - 5

5.8K 562 26
                                    

Unicode

အပိုင်း ၅။ အိမ်ရှေ့စံနှင့် ကိုယ်လုပ်တော်ရှောင်း

မွေးနေ့ပွဲတော်ပြီးသည့်အချိန်တွင် အရုဏ်တက် အချိန်တောင် ရောက်တော့မည်။ ရှောင်းကျန့်ကလည်း ဝမ်ရိပေါ်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ သူ့ကိုယ်သူသာ မအိပ်ပျော်သွားအောင် ထိန်းချုပ်နေရသည်။

မွေးနေ့ကျင်းပတာ သည်အချိန်ထိ လုပ်စရာလိုလို့လားလို့!?

ပွဲတော်ပြီးချိန် မင်းကြီးထွက်သွားသည်နှင့် ရှောင်းကျန့်က သူ့ဘေးက အခုချိန်ထိ မလှုပ်မယှက် ထိုင်နေသည့် မင်းသားဝမ်ကို ဆွဲထူလိုက်ရသည်။

" မင်းသား ၆ မထနိုင်တော့ဘူးလား။ ကျွန်တော် တွဲပေးမယ် "

ရှောင်းကျန့်ပြောလိုက်တော့ မင်းသားဝမ်က သူ့ကို မျက်မှောင်ကြုတ်၍သာ တစ်ချက်ကြည့်လာပြီး သူ့လက်ကို ပုတ်ထုတ်ကာ ထွက်သွားလေသည်။

ဘာလို့ မင်းသားဝမ်က ဒေါသထွက်ရပြန်တာလဲ!? သူကလည်း မင်းသားဝမ်ကို ချစ်လွန်းလို့ ထူပေးတာမှ မဟုတ်တာ။ အိမ်ပြန်အိပ်မလို့ ထူပေးရုံပဲ။ သူက မြင်းလှည်းငှားလာတာလေ။ အခုချိန်မှာ မြင်းလှည်းသမားလည်း မရှိလောက်တော့ဘူး။ အဲ့ဒါကြောင့် မင်းသားဝမ်ရဲ့ ဝေါယာဉ်နဲ့ ကပ်လိုက်ရုံပဲရှိတာ။

ရှောင်းကျန့် အတွေးတွေနဲ့အတူ နှုတ်ခမ်းက ဆူထွက်လာပေမယ့် ဝမ်ရိပေါ်နောက် ပြေးလိုက်သွားရသည်။ မဟုတ်လျှင် ဝေါယာဉ်ပေါ် သူမတက်လိုက်နိုင်ခင်မှာပဲ ဝေါယာဉ် ထွက်သွားလိမ့်မည်။

ရှောင်းကျန့်က မင်းသားဝမ် ဦးတည်သွားနေသည့်နေရာတွင် ဝေါယာဉ်တစ်ခုကို တွေ့သောကြောင့် ထိုအရာက မင်းသားဝမ်၏ ဝေါယာဉ်သာဖြစ်မည်ဟု ကောက်ချက်ချ၍ ဦးစွာပြေးတက်သွားလိုက်သည်။ နောက်မှ မင်းသားဝမ်ကတော့ အလိုမကျမှုကြောင့် မျက်ခုံးများက တွန့်ချိုးနေပြီ။

ဝမ်ရိပေါ်က တည်ငြိမ်သည့် ​ခြေလှမ်းများဖြင့် ဝေါယာဉ်နား ကပ်သွားရင်း ရှောင်းကျန့်ကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။

" ဆင်း "

" .... "

သည်လူဘာဖြစ်နေတာလဲ! ဝေါယာဉ်ပေါ်တောင် ပေးမလိုက်ခိုင်းနိုင်ဘူးပေါ့?

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now