အခန်း၈

6.5K 568 4
                                    

" အဲ့တော့ ခင်ဗျားကဒီစာသင်နှစ်ပြီးတဲ့ထိ ကျွန်တော့်ရဲ့ လက်တိုလက်တောင်း အဖြစ်နဲ့ရှိနေမယ်ပေါ့ "

သုစေ၏ စကားထောက်မေးခွန်းကို ခင်မောင်ကြီး ခေါင်းပြုတ်ထွက်မတက် ငြိမ့်ပြရင်း သူဘယ်လောက်ထိ အထိုအရာကိုအလိုရှိနေကြောင်း တဖက်သားကိုသိစေလိုက်သည် ။

" အွန်း ... ခင်ဗျားဘက်က ဒီလိုကမ်းလှမ်းလာတော့လည်း ကျွန်တော်က လက်ခံပေးရမှာပေါ့ ။ ခုတလော ကျွန်တော်လည်း အားကစားဘက်မှာရော wellcome ပွဲတွက် king queen တွေကို trainပေးဖို့ရောဆိုတော့ ကျွန်တော့် ဝေယျာဝစ္စတွက် အကူတစ်ယောက်လောက်ရှိနေလည်း မဆိုးပါဘူး ။ဆိုတော့ရေကန်သင့်ကြာသင့် ဖြစ်သွားတာပေါ့ ။ "

တကယ်ဆိုလျှင် သူ့နား လူတစ်ယောက်ရှိနေဖို့က မ လိုအပ်လှပါ ။ သို့သော် ... ထိုဘွန်ဆိုင်းကောင်လေးနဲ့ဆိုလျှင် ဆိုသည့်နောက်မှာ ... သို့သော် ဆိုသည့် စကားဆက်တစ်ခုနှင့် အရာရာတိုင်းကို ပြောင်းလဲပစ်မိတာချည်းပါ ... ။

" အင်း အဲ့ဒါဆိုမင်းလည်းအဆင်ပြေ ငါလည်းအဆင်ပြေသွားတာပေါ့ ။ ငါ့အတွက်တော့ အရမ်းကောင်းတာဘဲ ဟီ ဟိ "

" ဘာကောင်းတာလဲ "

" အာ ... ငါ့တွက်ကောင်းတာက မင်းပိုက်ဆံ ပြန်ပေးစရာမလိုတော့တာလေ ကျေးဇူးပါကွာ ... မင်းနောင်တ မရစေပါဘူး ။ ငါ မင်းအတွက် လိုလေသေးမရှိ ဖြည့်စည်းပေးဖို့ အရာရာမှာ အဆင်သင့်ရှိနေမှာပါ ..."

သူရဲ့ ပိုးပန်းရေးလမ်းစဉ်ကြီးမှာ အူအူအအလေးနဲ့ အလွယ်တကူပါလာသည့် လူချောလူလှလေးကို သူ့ရဲ့အချစ်တွေကြား ရုန်းထွက်မရအောင် ကျရှုံးသွားစေဖို့ မဟာ့မဟာလမ်းစဉ်ကြီးကို ခင်မောင်ကြီးတို့ စတင်ပုံဖော်နေပါပြီ ။

" အာ ...အဲ့လောက်ထိ မလိုပါဘူး "

" ငါ့ကိုအားနာပြီးဘာ မလိုပါဘူးတဲ့လဲ ။ ငါ့ရဲ့စွမ်းဆောင်ကောင်းမှုကြောင့် နောက်ဆို မင်းငါမှမရှိရင် မဖြစ်တော့တဲ့ထိ လိုအပ်လာစေရမယ်ကွာ ။အဲ့လောက်ထိ ငါတာဝန်ကျေပွန်စေရမယ် "

သူ့ရဲ့ဖလစ်တစ်တစ် မရိုးမသားစကားလုံးများကို ကြားပြီး ဆွံ့အသွားသည့် သူ့ရဲ့အလှလေး သုစေမင်းပုံစံလေးကို ကြည့်ပြီး ခင်မောင်ကြီးမှာ အသည်းတယားယား ဖြစ်လာရသည် ။
ဒီကောင်လေး... သူ့ရဲ့ဖလစ်မှုစကားစွမ်းရည်ကြားမှာ စကားပြန်စဖို့ လမ်းပျောက်နေလောက်ပါပြီ ။ ခင်မောင်းကြီးတဲ့ကွ ဟွင်းဟွင်း ဟွင်း...။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now