အခန်း၅

7.5K 624 14
                                    

ကန်တင်းရောက်တော့ သုစေလည်း မစားရသေးတာနဲ့ ဆိတ်ထောင်းထမင်းနဲ့ ကြက်ဥကြော်တစ်ပွဲမှာရင်း မျက်နှာခြင်းဆိုင်က မျက်နှာမကောင်းသည့် ခင်မောင်ကြီးကိုလည်း ဘာမှာမလဲ ဆိုပြီး အကြွေးရှင်ကိုယ်တိုင်က လောကွတ်ချော်ရသေးသည် ...။

" ကျွန်တော့်တွက် ထမင်းဆီဆမ်းပလိန်းဘဲပေးပါ ...နောက်ပြီး ငရုတ်သီးကြော်နဲ့အချဉ်က အလကားချပေးမှာမို့လား များများလေးနော် ဟီး ...အစ်မတို့ဆိုင်က ငရုတ်သီးကြော်က အတော်စားကောင်းလို့ဗျ ဟဲဟဲ "

ခင်မောင်ကြီး၏ အမှာကြောင့် သုစေမှာ ထိုနှံပိစုတ်ပေါ်သနားစိတ်က ပို၍ပို၍အလုံးအရင်းတို့ လှိမ့်ဝင်လာပြန်သည် ... ။

" အစ်မ  ကြက်ဉကြော် တစ်ပွဲတိုးမယ်နော် ...နောက်ပြီး အကင်စုံတစ်ပွဲနဲ့လက်ဖက်သုတ်ရောတစ်ပွဲ ပေး"

သနားစိတ်၏ နောက်ဆက်တွဲ ထိုဘွန်ဆိုင်းကောင်အပေါ်ကျွေးချင်မွေးချင်သည့်သဒ္ဓါတရားတို့ကလည်း ယိုဖိတ်လာတော့  စားပါစေတော့ဆိုပြီး အပိုထပ်ဆောင်းမှာပေးမိတာတွေကလည်း ဖွယ်ဖွယ်ရာရာ ...။

" ခဏတော့စောင့်ပေးအုံးနော် ငါ့မောင်တို့ ..."

စားပွဲထိုးအကူ အစ်မလေးသည် သုစေတို့ဝိုင်းမှ အမှာစာရင်းယူကာ အခြားဝိုင်းကိုကူးသွားသည် ... ။ ထိုမှ သုစေသည် မျက်နှာမကောင်းသော ခင်မောင်ကြီးကို စကားစလိုက်သည် ။

" ဘာလို့ကျွန်တော့်ကိုတွေ့တိုင်း ပေါ်တင်ကြီးကို မသိချင်ယောင်ဆောင်ရတာလဲ ...ပြောပါအုံး ...ကျွန်းတော့်ပိုက်ဆံကို ပြန်မပေးနိုင်သေးလို့လား "

" ဒုတိယ တစ်ခုကတော့ ဟုတ်တယ် ။ ဒါပေမဲ့ ငါမင်းကို ငါ့အပေါင်းသင်းတွေရှိရင် မသိချင်ယောင်ဆောင်ရတာက ငါနဲ့မင်းက အသိတွေဆို သူတို့ဇယားတွေက မင်းကို သေချာပေါက်လာနွယ်မှာ ...ငါ့လို ငွေရေးကြေးရေး ကိစ္စတွေကစလို့ပေါ့ ။ငါမင်းကိုအဲ့ဒါတွေကြောင့် အခက်မတွေ့စေချင်လို့... ။ မင်းပိုက်ဆံကို တမင်သက်သက်ပြန်မပေးတာမဟုတ်ပါဘူး ။ငါအဲ့နေ့က မမကြီးတို့ မမလတ်တို့ဆီကလည်း ငါမုန့်ဖိုးရသေးတယ်ရယ် ။ အဲ့ဒါကြောင့် မင်းပိုက်ဆံကို ကျောင်းဖွင့်တဲ့နေ့ကျရင် ပြန်ပေးမယ်လို့ ဆုံးဖြတ်ပြီးသား...ဒါမဲ့ အဲ့ဒီညမှာဘဲ ငါ့ဘော်ဒါတွေ အစွယ်ကောင်းလို့ Harry potter setလေး order တင်ပြီး ပိုတဲ့ပိုက်ဆံကို ငွေလေးများပွားလာမလား ဆိုပြီး ဟီး...မောင်းလောင်းလိုက်တာ အကုန်ပြောင်သွားရော .... ခုတောင် နေ့လည်စာ စားဖို့မကျန်တော့လို့ ငါ့သူငယ်ချင်းဆီ လာပြီး ကပ်စားမလို့ဟာသူ့အတန်းက မဆင်းသေးလို့ ...အဲ့ဒါ ..."

အိုဘယ့်~ဖူးစာ(Completed)Donde viven las historias. Descúbrelo ahora