အခန်း၁၈

5K 510 1
                                    

ပေ၆၀ပတ်လည် ခြံဝင်းနှင့် အိမ်ကြီးထဲ သုစေနေထိုင်နေပေမယ့် အမှန်ပင် အနေကျပ်လှပါ၏ ။ ဘယ်နားသွားသွား သူ့နောက် တကောက်ကောက်လိုက်နေပါသော နှံပိစုတ်ကြောင့် သူ့မှာသားသည်အမေကြီးတစ်ယောက်လို တစ်နေကုန် မလွတ်လပ်လှ ။ ခုချိန်လေးတောင် ဖခင်နဲ့ နှစ်ယောက်သားစာသင်နေကြသည်မို့ အနားမှာမရှိချိန်ဖြစ်သည် ။
ကိုယ်ပိုင်အခန်း၏ ကုတင်ထက် ပျင်းတွဲစွာ လဲလျောင်းရင်း နှံပိစုတ်လေးနဲ့အတူ ကုန်ဆုံးရမည့် ညအိပ်ချိန်များကို တွေးမိပြီး စိတ်ညစ်သွားရပြန်သည် ။သူကဘာသားနဲ့ထုထားသည့် ပုထုဇဉ်မို့ပါလဲ ။ ကိုယ်နဲ့မျိုးတူယောကျာ်းလေးတစ်ယောက်ကိုမှ စိတ်ဝင်စားတွယ်ငြိခဲ့ဖူးသော အမျိုးသားတစ်ယောက် ။ ထို့ထက်သေချာပြီးပိုဆိုးသည်က ကိုယ်နဲ့လုံးဝဆန့်ဘက်တွင် ရှိနေပါသော ကောင်လေးတစ်ယောက်ပေါ် စိတ်ယိုင်နေမိခြင်းကြောင့် သူ့ကိုယ်သူ မယုံရဲ ။ကိုယ့်မသိစိတ်ကြောင့် သူများသားပျိုလေးဘဝ စွန်းထင်းမှုတစ်စုံတစ်ရာနဲ့ ကျိုးပျက်သွားမှာ မလိုလားပါ ။ မတက်နိုင် ဖခင်ကို ခင်မောင်ကြီးအား သူ့အခန်းထဲ ပေးမအိပ်ရရေး နားထပ်ချရမည် ။

ကုတင်ပေါ် ပက်လက်လန်လှဲနေရင်း လက်ကနာရီကို မြှောက်ကြည့်မိတော့ ညနေ၆နာရီခွဲတော့မည် ။ ဒီချိန်လောက်ဆို အဖေနှင့် ဘွန်ဆိုင်းကောင်တို့ရဲ့ စာသင်ချိန်က ပြီးလောက်ပါပြီ ။ ထို့ကြောင့် လှဲနေရမှာ ထကာ အောက်ထက်က ဧည့်ခန်းသို့ဆင်းလာလိုက်၏ ။

ဧည့်ခန်းမှာတော့ ဖခင်ကိုသာတွေ့လိုက်ရသည် ။ အနားမှာ ဘွန်ဆိုင်းကောင်မရှိချိန်မို့ သုစေ အခွင့်ကောင်းကို လက်လွှတ်မခံဘဲ ဖခင်ဘေးနား အပြေးဝင်ထိုင်လိုက်သည် ။ ဖခင်ကတော့ ဘာလဲဟ ဆိုသည့် ဘဘောနှင့် မျက်လုံးပင့်ကာ ကြည့်လေ၏ ။

" ဟို ...အဖေ့ကို ပြောစရာရရှိလို့ ....။ "

စကားကိုရှေ့မဆက်ရဲသေး ။ ဖခင်၏ အနေထားကို အကဲခက်ရသေး၏ ။ဖခင်ထံမှ ဆက်ပြောဆိုသည့် မေးဆက်ပြလိုက်မှ စကားဆက်ဖို့ ဘေးဘီဝဲရာမှာ ဘွန်ဆိုင်းကောင်ရှိမရှိ အကဲခက်ရသေးသည် ။ အရိပ်ခြေမမြင်မှ ဆက်ပြောဖို့ပြင်ရ၏။

အိုဘယ့်~ဖူးစာ(Completed)Tempat cerita menjadi hidup. Temukan sekarang