ကျောင်းသူကျောင်းသားများ weekendမှာအားရစွာအနားယူပြီး ကျောင်းပြန်တက်ရသည့် တနလာ်နေ့တွင် ဖြစ်သည် ...။
ပါးလျှပ်လျှပ် ကျောပိုးအိတ်ကိုလွယ်ကာ လွှတ်လပ်ပေါ့ပါးလှသော ခြေလှမ်းများနှင့် ခင်မောင်ကြီးတို့အုပ်စုသည် ပိတောက်လမ်းထဲသို့ လှမ်းဝင်လာကြသည် ။ မြောက်မှ တောင်သို့သွယ်တန်းနေသော ပိတောက်ပင်တန်းတို့သည့် သူ့ရာသီချိန်မရောက်သေးတာတောင် တစ်ပင်နှင့်တစ်ပင် ရွက်ဝါတို့ကို အပြိုင်ခြွေလွှင့်နေကြသည် ။ လှည်းကျင်း၍ပင်မနိုင်လောက်အောင် မြိုင်ဆိုင်လှသော ပိတောက်ရွက်ဝါများကို မီးရှို့ရာမှ ထွက်လာသာ မီးခိုးငွေ့များ၏ ရနံ့သည်လည်း တမျိုးဆွဲဆောင်နေသည် ။ အုပ်ဆိုင်းဆိုင်းပိတောက်ရိပ်နှင့် မီးခိုးရိပ်ပါးပါးကိုနောက်ခံထားကာပိတောက်လမ်းရဲ့ ဘေးတစ်ဖက်ဆီမှ ထိုင်ခုံငယ်လေးတွေနှင့် ကန်ဘောင်ခုံတန်းကြီးတွင် ကျောင်းသားကျောင်းသူများသူ့အုပ်စုနဲ့သူ စကားပြောသူကပြော ၊ စာအုပ်ဖွင့်ကာ စာဆွေးနွေးကြသူတွေကဆွေးနွေးနှင့် တက္ကသိုလ်ရဲ့ ပုံရိပ်ကောင်းတစ်ခုကိုပုံဖော်နေကြသည် ။တစ်လကျော်လောက်သာ လိုတော့သော ဒုတိယနှစ်ဝက် စာမေးပွဲတွက် စာအုပ်တပြင်ပြင်ဖြစ်နေကြသည့် ကျောင်းသားကျောင်းသူများကို ကြည့်ရင်း ခင်မောင်ကြီး စိတ်မကောင်းမိ ... ။ တက္ကသိုလ် ရဲ့အနှစ်သာရကို စာတစ်ခုကိုဘဲ ဇောင့်ချလုပ်ရင်း ဖြတ်သန်းဖို့ ဆန္ဒကခင်မောင်ကြီးမှာ လုံးဝ မရှိ ။
ယခုလို ပွဲလမ်းစုံသည့် ဒုတိယနှစ်ဝက်စာသင်နှစ်ဆို ခင်မောင်ကြီးတို့အုပ်စုသည် ပွဲတိုင်းကျော်သည် ။" ကြည့်စမ်းဟိုအုပ်စုကို ။လူမြင်ကွင်းထဲ တစ်ယောက်နဲ့တစ်ယောက်ငယ်ငယ်ကလိုစာပြိုင်နေကြတယ် "
" စတိတ်ကျောင်းက ကြတ်တူးရွေးလေးတွေဘဝကနေ တက္ကသိုလ် ရောက်လာတာဆိုတော့ နှုတ်တိုက်မကျက်ရမနေနိုင်ရောဂါစွဲလာပုံရတယ် "
လမ်းလျှောက်နေရင်းခင်မောင်ကြီးရဲ့ မသိမသာမေးဆက်ပြရာကိုကြည့်ပြီး အောင်မင်းဌေးက ထိုသို့လေပြေအေးတရားဟောသည် ။ မနေ့ညက tutoရှိလို့ဆိုပြီး အသံသေးအသံညောင်နဲ့ အော်ကျက်နေတာဘယ်ကောင်လဲလို့ ခင်မောင်ကြီး အငေါ်တူးလိုက်မေးလိုက်ချင်သည် ။
ESTÁS LEYENDO
အိုဘယ့်~ဖူးစာ(Completed)
Romanceသုစေမင်းဆိုတဲ့The whole King လေးနဲ့ သွက်သွက်လပ်လပ်ပေါချာချာ လောင်းကစား၊ အရက်သမား၊ ဖွန်ကြောင်ကျွမ်းတဲ့ဖြောင့်ကွေးလေးခင်မောင်ကြီးတို့ရဲ့University ကျောင်းသားtype လေးဖြစ်တဲ့ အိုဘယ့်ဖူးစာဆိုတဲ့ ဇာတ်လမ်းလေးကို ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးဖတ်ချင်တဲ့ ဒါဒါ...