"ဗျင်း!! "
ရေ နံချေးဝနေသော ပျဉ်ထောင်အိမ်ကြီးအောက်ထပ်ရှိ အလုပ်စားပွဲတွင် စာရင်းအင်းများတွက်ချက်နေသော ဦးအောင်ကြီးသည် ခြံဝင်းထဲ မောင်းဝင်လာသော ဆိုင်ကယ်သံကြောင့် မျက်ခုံးတို့ပင့်မော့ကြည့်လိုက်မိသည် ။
ထင်သည့်အတိုင်းပင် သားတော်မောင် ဖြစ်နေပါ၏ ။
လူက နှံပိစုတ် စီးလာတာ ကလစ်ဆိုင်ကယ် နဲ့မို့ ဦးအောင်ကြီး မြင်မြင်ချင်း ပြောချင်စရာဖြစ်နေသည် ။ လူကောင်နဲ့လိုက်မဲ့ စူပါကပ်လေး ဝယ်ပေးထားကို ကိုယ့်ဆိုင်ကယ်ကိုယ်မစီးလာဘူး ။
မနိုင်မနင်းသူများဆိုင်ကယ် ဌားစီးလာသေးသည် ။ တစ်ခုခုဖြစ်ရင် လျော်ရတာ ဒီက အဖေကြီး ။ ဒီသားနဲ့တော့ ဘယ်တော့များမှ သိတက်မှာလဲ ။" မင်း တက်လမ်းရဲ့ဆိုင်ကယ် ဌားစီးလာပြန်ပြီ ။ဟိုတစ်ခါလို တိုက်မိခိုက်မိလို့ကတော့ ငါလိုက်မရှင်းပေးတော့ဘူးနော် ခင်မောင်ကြီး ...တကယ်ဘဲ မနိုင်မနင်းနဲ့ ..ဆိုင်ကယ်က မင်းနှစ်ဆလောက်ရှိတယ်ကွ "
"အဖေကလည်း နိုင်လို့ဘဲ ဒီထိ ရောက်လာတာပေါ့ "
အိမ်ထဲ မဝင်ရသေးဘူး ပွစိပွစိလုပ်တက်တဲ့ အဖေနဲ့ စကားနိုင်က စလုရပါပြီ ...။
" သွား အိမ်ထဲဝင်ပြီး အထဲမှာ မမဆွေ ထမင်းဝိုင်း ပြင်နေတယ် သွားကူအုံး ။ ငါ ပဲအတိုက်စာရင်းတွေ စစ်လိုက်အုံးမယ် ။ ခဏနေ ထမင်းဝိုင်းရောက်မှ မနေ့က မင်းပြောထားတဲ့ ကိစ္စ ပြောကြတာပေါ့ "
"ဟုတ် "
မနေ့ကသူပြောထားသည့် ကိစ္စ ။
ပြန်တွေးကြည့်လိုက်တော့ သူပြောထားတဲ့ ကိစ္စကြီးသည် အင်မတန်riskများလှပါသည် ။ အစက သုစေနဲ့ နီးစပ်ဖို့သာ အားခဲထားသည့်ကြောင့် ကြုံရမည့်အခက်ခဲကို ပမွှားလေးဟု ထင်ထားခဲ့မိသည် ။ သို့သော် ...ခုချိန်ပြန်တွေးကြည့်မှ ဒေါသတကြီးနှင့် ဆရာဦးဇေယျာမင်း ၏မျက်နှာကြီးက ပေါ်လာ၍ ပုခုံးတို့အလိုလိုနေရင်း စုကျုံ့သွားရသည် ။" ဘာဖြစ်တာလဲ အထွေးလေး "
" ဟီး ... ဘာမှမဖြစ်ဘူး မမဆွေ "
ထမင်းဟင်းခွက်များ စားပွဲပေါ်အတူတူချနေရင်း သတိထားမိသွားသော မမဆွေက မေးလာတော့ သူမှာ ဘာပြန်ဖြေရမှန်းမသိ ။
YOU ARE READING
အိုဘယ့်~ဖူးစာ(Completed)
Romanceသုစေမင်းဆိုတဲ့The whole King လေးနဲ့ သွက်သွက်လပ်လပ်ပေါချာချာ လောင်းကစား၊ အရက်သမား၊ ဖွန်ကြောင်ကျွမ်းတဲ့ဖြောင့်ကွေးလေးခင်မောင်ကြီးတို့ရဲ့University ကျောင်းသားtype လေးဖြစ်တဲ့ အိုဘယ့်ဖူးစာဆိုတဲ့ ဇာတ်လမ်းလေးကို ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးဖတ်ချင်တဲ့ ဒါဒါ...