အခန်း၃

8.3K 731 19
                                    

ရပ်ကွက်ကြီးတစ်ခု၏ထိပ်ဆုံးတွင် ထီးထီးကြီးရှိနေသော ကျွန်းပျဥ်တောင်အိမ်မည်းကြီးရှေ့ ကားကို ခင်မောင်ကြီးရပ်စေလိုက်သည် ။

"ရပြီ ဆရာ ။ ဒါ ကျွန်တော့်အိမ်ဘဲ ။ဆရာ တကယ် အိမ်ထဲဝင်မှာလား ။သုစေ မင်းပြောတော့ မနက်ဖြန်Tutorialတွက် ဒီည စာကျက်ရမှာဆို စောစောပြန်ပြီး စာလုပ်အုံးနော်"

"စကားလမ်းကြောင်းမလွှဲနဲ ။ငါ့သားအပါဝင် ဘယ် တက်ကသိုလ်ကျောင်းသားကများ Tutorialတွက် စာကျက်ဖြေလို့လဲ  "

ပြောလည်းပြော ဆရာသည် ကားထဲမှ ပိုက်ဆံအိတ်ကြီးကိုဟန်ပါပါပိုက်၍ထွက်လာချေပြီ။ ထိုနှင့်အတူ ခင်မောင်ကြီး၏ နှဖူးစတွင်ချွေးစများသီတန်းလို့လာသည်။ အားကိုးတကြီးနှင့် ကားနောက်ခန်းတွင်ထိုင်နေသူကို ကြည့်မိလိုက်တော့ သုစေ ဆိုသူလည်း အခြေနေအရပ်ရပ်ကို ခြုံငုံသုံးသပ်မိပုံရ၏ ။

"ဖေကြီး "

သုစေ၏ နှုတ်မှ တိုးယဲ့စွာ ခေါ်သံကို ဦးဇေယျာမကြား။ကားအပြင်ကိုရောက်နေပြီး တစ်နေရာကို အာရုံစိုက်ကာ မျက်နှာတွင်လည်း အံ့သြမှုတို့ကအထင်းသားနှင့် ဦးဇေယျာမင်းမှာ အောက်မေးကြီးပင် ပြန်မစေ့နိုင်သေး ။ ထိုနောက် အားမရစွာ မျက်မှန်ကိုပါချွတ်ချလိုက်သည် ။
မူမမှန်သောအခြေနေကြောင့် သုစေရော ခင်မောင်ကြီးပါ ဆရာဦးဇေယျာ စိုက်ကြည့်နေသော လားရာကို မတိုင်ပင်ပါဘဲနှင့် ကြည့်မိကြ၏။

"ဟိုက်ရှားပါး။"

ညနေစောင်း ကန်ပေါင် တာရိုးတစ်လျှောက်လမ်းလျှောက်ပြန်လာသော နှုတ်ခမ်းမွှေးစစနှင့် နှစ်ယောက်မရှိနိုင်သော ခင်မောင်ကြီး၏ ကျွေးသဖခင် ဦးအောင်ကြီးကို တွေ့လိုက်ရသည်။
ဖခင်ဦးအောင်ကြီးတဖြည်းဖြည်း သူတို့ရှိရာ နားသို့ နီးကပ်လာသည်မှာ ပေါက်ကွဲတော့မဲ့ လက်ပစ်ဗုန်းတစ်လုံးမိမိတို့နား ရောက်လာတော့အတိုင်း ခင်မောင်ကြီးရင်ထဲ ခံစားနေရသည် ။

"မင်း မင်း အောင်ကြီး မဟုတ်လား"

"ဟာ မင်း...မင်း ဇေယျာ"

ထိုသို့ သတ်လက်ပိုင်းလူနှစ်ယောက်၏ တွေ့ဆုံမှုသည် လူငယ်နှစ်ယောက်ကို နေရာပျောက်စေပါတော့သည်။

အိုဘယ့်~ဖူးစာ(Completed)Donde viven las historias. Descúbrelo ahora