အခန်း ၂၅

6.1K 483 11
                                    

ညနေ ညီအစ်ကိုမသိတသိ အချိန်၌ ဖြစ်သည်။

အမြန်လမ်းဘေး တစ်နေရာ ထိုးရပ်ထားသော ကားလေးထဲမှ လူနှစ်ယောက်သည် ကိစ္စကြီးတစ်ရပ်ကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ဖို့ အသင့်ရှိနေရင်း အချိန်မတိုင်ခင်တော့ စကားလေးဘာလေးပြောရင်း  ကြည်နူးဖို့ကောင်းသော နှစ်ကိုယ်တူ အချိန်လေးကို ဖန်တီးနေကြ၏ ။

" အစ်ကို ... ကိုခင်မောင်ကြီးတို့နဲ့အတူ ကျွန်တော်တို့အတွဲပါ တစ်ခါတည်း... "

နေခြည်သစ်လွင်၏ စကားပင် အဆုံးမသတ်ရသေး ဆိုလိုရင်းကို တန်းသဘောပေါက်သော နေမင်းမြတ်သည် ကျစ်စုတ်ကာ ကလေးမသာကို ဟန့်ရတော့သည် ။

"ကျစ်! မင်းအသက် ဘယ်လောက်ရှိသေးလို့လဲ ငါ့ကို စတီးလက်ကောက်ဝတ်ရအောင် ကြံနေတာလား မင်း "

"အာ.... ဟုတ်သား အစ်ကို့ကို ပိုင်ဆိုင်ရဖို့ ၇လကြီးများတောင် လိုသေးတယ် "

" အသက်နဲ့မလိုက် အတွေးတွေက မှောင်မိုက်နေလိုက်တာ "

သူ စနောက်လိုက်သည်ကို မျက်မှောင်လေးကုတ်သွားကာ ရှက်ရွံ့သွားသည့် အစ်ကိုသည် တကယ့်ကို အသက်နဲ့ မလိုက် ပစ်မှားချင်စရာလေးဖြစ်သည် ။

" အကျိုးကြောင်းသိရအောင် တက်လမ်းတို့ဆီ ဖုန်းလေးဘာလေး ဆက်ကြည့်ပါ့လား "

အရှက်ပြေ စကားလမ်းကြောင်းကလည်း လွှဲလိုက်သေးသည် ...။ နေမင်းမြတ်ကြောင့် နေခြည်သစ်လွင် နှစ်ခြိုက်စွာပြုံးမိပြီးလက်မှ နာရီကိုကြည့်ကာ ...

" ခဏလောက် စောင့်ကြည့်လိုက်ပါအုံးမယ် ... ချိန်းထားတဲ့ အချိန်ထက်စောသေးတယ် ။ အစ်ကို မုန့်တစ်ခုခု စာအုံးမလား ။ ကျွန်တော် မနက်က SPသွားရင်း အစ်ကိုကြိုက်တဲ့ prawn buggerတွေ့လို့ ဝယ်ခဲ့သေးတယ် "

"အွန်း...စားမယ် ... အထဲက အသီးနှံတွေသာ ဖယ်ပေး "

ကလေးကျနေတာဘဲဗျာ ..လို့နေခြည်သစ်လွင် စိတ်ထဲ၌သာ အူသည်းယားစွာ ပြောနေမိသည် ။
သူ့ရဲ့အစ်ကိုရင်အေးလေးဟာ ရင့်ကျက်ချင်ယောင်ဆောင်ထားတဲ့ ကလေးပေါက်စလေးလိုပါဘဲ ။ အတွေးအခေါ်တွေကသာ သူလိုက်မမှီအောင် မြင့်မားနေတာ ။ အမှတ်တမဲ့ အစ်ကိုရဲ့ အပြုမူတွေကတော့ ကလေးတစ်ယောက်လိုရယ်ပါ ။

အိုဘယ့်~ဖူးစာ(Completed)Onde histórias criam vida. Descubra agora