Chapter - 6

5.9K 571 8
                                    

Unicode

အပိုင်း ၆။ ကိုယ်လုပ်တော်မု

သူက မင်းသားတစ်ပါး ဖြစ်သည့်အလျောက် လိုချင်သည့် ပစ္စည်း၊ အတတ်ပညာတို့မှန်သမျှ ရရှိခဲ့သည်။ သို့သော်လည်း ဝမ်းနည်းစရာက သူ့မယ်တော်က သူ့ကိုမွေးပြီး ရက်အနည်းငယ်အကြာမှာပင် ကွယ်လွန်သွားခဲ့သည်။

သူ့မယ်တော်၏ ပုံသဏ္ဍာန်ကိုတောင် သူသေချာမမှတ်မိ။ ပုံတူပန်းချီများထဲ​တွင်သာ သူ့မယ်တော်၏ ရုပ်ရည်သွင်ပြင်ကို သေချာမြင်တွေ့ရသည်။ ပန်းချီကားများထဲမှ မယ်တော်က နွေးထွေးပြီး ကြင်နာတတ်မည့်ပုံပေါ်သည်။ အမြဲတမ်း နူးညံ့သည့် အပြုံးကို ပန်ဆင်ထားသည့် မယ်တော်က သူမတူအောင်လည်း လှလွန်းသည်။

သူအလိုချင်ဆုံးအရာမှာ မိသားစုမေတ္တာဖြစ်သော်လည်း မင်းသားတစ်ပါးဖြစ်ရန် ကံပါလာကတည်းက မေတ္တာဆိုသည့်အရာမှာ သူနှင့် မအပ်စပ်တော့ခြင်းဖြစ်မည်။ သူ့ခမည်းတော်က ပြည့်ရှင်မင်းတစ်ပါးဖြစ်သည့်အလျောက် အမြဲလိုလို တိုင်းရေးပြည်ရာများနှင့် ရှုပ်နေတတ်ပြီး သူ့အတွက် ခမည်းတော်ကို တွေ့ရသည့်အချိန်ဆိုသည်မှာ မရှိသလောက်သာ။ သူ့ညီအစ်ကိုများကလည်း ခမည်းတော်၏ အသိအမှတ်ပြုမှုကိုရယူနိုင်ဖို့ ခမည်းတော်ကြိုက်နှစ်သက်သည်များကိုသာ ရွေးလုပ်ကြတယ်။ သူ့ကိုအဖော်ပြုပေးဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်။

ထိုသို့နှင့် နောက်ပိုင်းတွင်တော့ ဝမ်ရိပေါ်က တစ်ယောက်တည်းသာ အနေများလာသည်။ နောက်ထပ် သူသိလိုက်ရသည်က နန်းတော်ပြင်ပက လူတွေက ဤကဲ့သို့ ပကာသနများနှင့် တန်ဖိုးကြီးပစ္စည်းများကို နှစ်သက်ကြသည်ကိုပင်။ ထိုအရာများအတွက် အချို့လူတွေက သူတို့၏ဘဝကိုပင် ပေးဆပ်ဖို့ ဆန္ဒရှိကြသ​ည်။

သို့ပေမယ့် သူနှင့် ငြိမ်းချမ်းရေးအရ လက်ဆက်ခဲ့သည့် အမျိုးသားကိုယ်လုပ်တော်ကတော့ သူတွေ့ဖူးသည့် လူများနှင့်မတူ။ ကိုယ်လုပ်တော်ဆိုသည့် ဘွဲ့ရာထူးသာ ရထားသော်လည်း အခြားကိုယ်လုပ်တော်များကဲ့သို့ ရာထူးမြင့်ဖို့ သူ့ကို မချဉ်းကပ်။ သူနှင့် မတော်တဆ တွေ့လျှင်တောင် ရှောင်နေတတ်တယ်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now