Chapter - 8

5.4K 566 15
                                    

Unicode

အပိုင်း ၈။ မင်းသားဝမ်၏ စိုးရိမ်မှု

system ၏ စကားသံက ရှောင်းကျန့်နားထဲ ပျံ့လွင့်လာသော်လည်း ရှောင်းကျန့်မှာ မပျော်ရွှင်နိုင်။ မင်းသားဝမ်က သူ့ကို စိုက်ကြည့်နေတုန်းပဲ ဆိုသည်ကို သူခံစားမိသည်။ ထိုအခြင်းအရာက သူ့ကို နေရခက်စေသည်။

" ဟို...မင်းသား...မင်းသားဝမ်လည်း နေ့လည်စာ သုံးဆောင်တော့လေ "

ရှောင်းကျန့်၏ စိတ်လှုပ်ရှားမှုကြောင့် ထွက်ကျလာသည့် စကားများသည်လည်း အထစ်ထစ်၊ အငေါ့ငေါ့။

" .... "

ရှောင်းကျန့်၏ စကားကို မင်းသားဝမ်က ဘာမှခွန်းမတုံ့ပြန်သော်ငြား ရှောင်းကျန့်ကို ဆက်မကြည့်တော့ဘဲ နေ့လည်စာ စစားသည်။

ရှောင်းကျန့်လည်း ထိုအခါမှ စိတ်သက်သာရာရသွားဟန်နှင့် ထမင်းဖြောင့်ဖြောင့်စားနိုင်​တော့သည်။

နှစ်ယောက်လုံး နေ့လည်စာ စားပြီးချိန်တွင် အစေခံများက အခန်းထဲသို့ ဝင်ရောက်လာကြပြီး ပန်းကန်များကို သိမ်းဆည်းသွားကြသည်။

သို့ပေမယ့် ရှောင်းကျန့်က မထွက်သွားသေးသောကြောင့် ဝမ်ရိပေါ်က ရှောင်းကျန့်ကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။

" လိုချင်တာတစ်ခုခုရှိလို့လား "

ပုံမှန်ဆို ဤကဲ့သို့ ဝမ်ရိပေါ်အနားသို့ လာကပ်ပြီး မျက်နှာချိုသွေးသည့် လူအများစုက သူတို့ကိစ္စပြီးလျှင် လိုချင်သည့်အရာတစ်ခုခုကို တောင်းဆိုတတ်ကြသည်။ အခုလည်း ရှောင်းကျန့်က မထွက်သွားသေး၍ ဝမ်ရိပေါ်က ထိုမေးခွန်းကို မေးလိုက်ခြင်းပင်။

" အင်း... "

ရှောင်းကျန့်၏ အဖြေကြောင့် ဝမ်ရိပေါ်က မျက်မှောင်ကြုတ်သွားပြီး တစ်ချိန်တည်းမှာပဲ စိတ်ပျက်မိသွားသည်။

သူက ရှောင်းကျန့်ကို တခြားလူများနှင့် မတူခြားနားသည်ဟု ထင်ခဲ့သည်။ သို့သော် အကုန်လုံးက အတူတူသာ။ သူတို့ လိုချင်တာရှိမှသာ အနားသို့ လာကပ်၍ ပြုစုကြသည်။

" ဘာလိုချင်တာလဲ "

" system မှ သတိပေးချက်!! host အပေါ် မင်းသားဝမ်ရဲ့ စိတ်ဝင်စားမှုက 20% ထိ လျော့ကျသွားပါပြီ။ ပြန်လည်ပြင်ဆင်ပါ "

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now