Chapter - 10

5.5K 544 8
                                    

Unicode

အပိုင်း ၁၀။ ကြည်နူးဖွယ်ရာ ညတစ်ည

ရှောင်းကျန့် မျှော်လင့်ထားသည့်အတိုင်းပင် မင်းသားဝမ်က သူ့ကို တားလာသောကြောင့် ပျော်ရွှင်စွာနှင့်် ပြုံးလိုက်မိသည်။ သူလည်း နန်းတော်ကို တကယ်သွားမည်မဟုတ်ဘူးလေ။ အခုအချိန်သာသွားလျှင် ဂိတ်ဝမှာတင် ရဲမက်၏ ကန်ထုတ်ခြင်းကို ခံရလောက်သည်။

" အဲ့ဒါဆို မင်းသား ၆ ကပဲ ကျွန်တော့်ကို အဖော်ပြုပြီး လျှောက်လည်ပေးလေ "

" .... "

ရှောင်းကျန့်၏ စကားကို မင်းသားဝမ်က ဘာမှမတုံ့ပြန်သော်လည်း ရှောင်းကျန့်၏ ဆန္ဒအတိုင်း ညဈေးသို့ အတူလိုက်လာပေးသည်။

နွေဦးရာသီဖြစ်သော်ငြား ညအချိန်ဖြစ်သောကြောင့် အေးမြသော လေတို့က တဖြူးဖြူးတိုက်ခတ်နေပြီး ချယ်ရီပန်းရနံ့တို့ကို သယ်ဆောင်လာသည်။

ညဈေးအတွင်းတွင် မင်းသားဝမ်၏ လက်ကို ဆုပ်ကိုင်ကာ တစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက် ဝင်ကြည့်နေသည့် ရှောင်းကျန့်က မြူးထူးတက်ကြွစွာနှင့်။ သူ၏ တစ်ဝက်သာစည်းနှောင်ထားခြင်းရှိသော ဆံနွယ်တို့သည်လည်း လေတိုက်ခတ်ရာလမ်းကြောင်းအတိုင်း မျောလွင့်နေ၏။

" မင်းသားဝမ် ဒါကဘာလဲ "

" မင်းသားဝမ် ဒီဆံထိုးက လှသားပဲနော် "

" မင်းသားဝမ် ဒီမုန့်က စားလို့ကောင်းတယ်။ ကျွန်တော့်အတွက် ဝယ်ပေးပါဦး "

" မင်းသားဝမ်... "

" မင်းသားဝမ်... "

ဈေးလမ်းတစ်လျှောက်လုံးတွင် ရှောင်းကျန့်၏ အသံစာစာလေးက နေရာအပြည့်ယူထားသည်။ ကြားရသည့် အသံနှင့်တင် ရှောင်းကျန့်၏ ရွှင်ပြမှုကို ခန့်မှန်းသိရှိနိုင်သည်။

သူတို့နားမှ ဖြတ်လျှောက်သွားကြသော ညဈေးအတွင်း လှည့်ပတ်ကြည့်ရှုကြသည့် ပြည်သူအချို့ကလည်း ရှောင်းကျန့်၏ ' မင်းသားဝမ် ' ဆိုသည့် စကားတို့ကြောင့် သူတို့နှစ်ယောက်ကို ထူးဆန်းသောအကြည့်တို့ဖြင့် ကြည့်သွားကြသည်။

အပျော်လွန်နေသည့် ရှောင်းကျန့်ကတော့ ထိုအရာများကို သတိထားမိပုံမရဘဲ တလက်လက်တောက်ပနေသော မျက်ဝန်းတို့ဖြင့်သာ ရှေးခေတ်အသုံးအဆောင်တို့၏ ဆွဲဆောင်မှုများကြား၌ နစ်မြုပ်နေ၏။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now