Chapter - 11

5.4K 537 12
                                    

Unicode

အပိုင်း ၁၁။ အနောက်ဘက်ခြံဝင်းရှိ ကြာကန်

ရှောင်းကျန့်က သူ့မျက်နှာပေါ်သို့ ကျရောက်လာသည့် နေရောင်ခြည်တို့ကြောင့် မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး တစ်ဖက်သို့လှည့်ကာ အလင်းရောင်ရှိရာဘက်ကို ကျောပေးထားလိုက်သည်။

" host အရန်မစ်ရှင်အောင်မြင်တဲ့ အတွက် coin 20 ရပါတယ်။ ဂုဏ်ယူပါတယ် host "

" .... "

ရှောင်းကျန့်က ထိုအခါမှ သူက မင်းသားဝမ်၏ အခန်းတွင် အိပ်ခဲ့ကြောင်း သတိရ၍ ဆတ်ခနဲ လှစ်ဟလာသည့် မျက်လုံးအစုံနှင့်အတူ အိပ်ချင်စိတ်တို့သည်လည်း အလျင်အမြန် ပျောက်ကွယ်သွားလေ၏။ အိပ်မရတော့မည့်အတူတူ အိပ်ရာမှ ထလာလိုက်ပြီး မျက်ခွံများကို ပွတ်သပ်လိုက်သည်။ အိပ်ချင်စိတ်တို့ ပျောက်ကွယ်သွားခဲ့သော်လည်း နိုးခါစမို့ ထိုင်းမှိုင်းနေသည့်ခန္ဓာကိုယ်က လန်းဆန်းမှုမရှိသေးပေ။ ဘေးဘက်သို့ စောင်းငဲ့ကြည့်မိသည့်အခါ လစ်ဟာနေသည့် နေရာလွတ်တစ်ခုကသာ သူ့ကို ကြိုဆိုနေသည်။

ပုံမှန်ဆိုလျှင် မင်းသားဝမ်က စားပွဲတစ်နေရာမှာ ထိုင်ပြီး စစ်ရေးစစ်ရာစာပေများနှင့် ဗျူဟာများကို ထိုင်ဖတ်လေ့ရှိသော်လည်း ယနေ့တွင်တော့ ထိုစားပွဲမှာလည်းရှိမနေချေ။

မင်းသားဝမ်က လိုအပ်လျှင် ညီလာခံသို့ သွားလေ့ရှိသောကြောင့် ရှောင်းကျန့်က ထွေထွေထူးထူး တွေးမနေတော့ဘဲ စိတ်ကြည်လင်သွားအောင် မျက်နှာသစ်လိုက်ပြီး မနက်ခင်းလုပ်ငန်းဆောင်တာများ လုပ်ပြီးသည့်နောက် မင်းသားဝမ်၏ စာဖတ်နေကျ စားပွဲခုံတွင်ထိုင်၍ ပေလိပ်တချို့ကို လှန်လှောဖတ်နေလိုက်သည်။ လူကသာ ထိုနေရာတွင် ရှိနေသော်လည်း စိတ်အစုံတို့က ပြန်မလာသေးသည့် မင်းသားဝမ်ဆီသို့သာ ပျံ့နှံ့နေသည်။ မင်းသားဝမ် အိမ်တော်တွင် မရှိသည့်အချိန်တိုင်း သူ့မှာ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ။

ရှောင်းကျန့်က ပျင်းရိစွာနှင့် လက်ထဲမှ စိတ်ဝင်စားဖွယ် အလျှင်းမရှိသည့် ပေလိပ်ကို သူ့နေရာသူ ပြန်ထား၍ စားပွဲပေါ် ခေါင်းမှောက်အိပ်လိုက်သည်။ တစ်ဖက်စောင်းအိပ်နေသောကြောင့် စားပွဲမျက်နှာပြင်နှင့် ထိကပ်နေသည့် ပါးတစ်ဖက်က မို့ထွက်လာသည်။ ရှောင်းကျန့်က စိတ်မောစွာနှင့် သက်ပြင်းတစ်ခု ချလိုက်သည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now