Chapter - 12

5.6K 510 18
                                    

Unicode

အပိုင်း ၁၂။ ကိုယ်လုပ်တော်မု၏ ဖိတ်ကြားမှု

" ကျွန်တော့်အသက် ခြောက်နှစ်မှာ မိဘတွေက ကျွန်တော့်ကို စွန့်ပစ်ခဲ့တယ်။ အကြောင်းအရင်း ရေရေရာရာကိုလည်း မရှိဘဲနဲ့။ ကျွန်တော် သူတို့ မျက်နှာကို မှတ်မိတယ်။ ဒါပေမယ့် သူတို့ အသက်ရှင်နေသေးလား၊ ဘယ်ရောက်နေလဲ၊ မိသားစုအသစ်နဲ့ ပျော်ရွှင်နေကြလား ဆိုတာ မသိဘူး "

ရှောင်းကျန့်၏ စကားကို မင်းသားဝမ်က နားမလည်ဟန်ဖြင့် မျက်ခုံးများကို စုကျုံ့သည်။ သူမယုံကြည်ချင်သော်ငြား ရှောင်းကျန့်၏ အက်ရှရှစကားသံက သူ၏ ဝမ်းနည်းနာကျင်မှုကို ဖော်ပြနေသယောင်။

" မင်းခမည်းတော်နဲ့ မယ်တော်က ရှောင်းတိုင်းပြည်မှာ ရှိနေသေးတယ်မလား "

ဝမ်ရိပေါ် မေးလိုက်သည့်အခါ ရှောင်းကျန့်က သူ့ကို အဓိပ္ပါယ်ဖော်ရခက်သည့် အကြည့်တို့နှင့် ကြည့်လာတယ်။

" ကျွန်တော် ရှင်းပြလည်း မင်းသားဝမ် နားလည်မှာ မဟုတ်ဘူး။ ထားပါလေ။ မင်းသားဝမ်ရဲ့ မယ်တော်က ကျွန်တော့်အမေပဲပေါ့။ ကျွန်တော် သည်နေ့ မင်းသားဝမ်ကို အဖော်ပြုပြီး သောက်ပေးပါ့မယ် "

ရှောင်းကျန့်က ပြောရင်းနှင့်ပင် သေရည်အိုးကို နှုတ်ခမ်းတွင်တေ့ကာ နောက်ထပ် သေရည်တစ်ကျိုက် ထပ်သောက်လိုက်သည်။

ဝမ်ရိပေါ်က ရှောင်းကျန့်၏ စကားအချို့ကို နားမလည်သော်လည်း ရှောင်းကျန့်၏ အပြုအမူများက သူ့ကို နှစ်ခြိုက်စေသည်။

သူ့ကိုယ်လုပ်တော်က အခြားလူတွေ မပြောဖူးသည့် ' အဖော်ပြုပေးမယ် ' ဆိုသည့် စကားကို ခဏခဏပြောသည်။ ထိုစကားက သူ့နှလုံးသား၏ အားနည်းချက်ဆိုသည်ကို သိနေလို့များလား။

သည်ကိုယ်လုပ်တော်ရှောင်းက သူ့နှလုံးသားကို အရယူဖို့ ဆုံးဖြတ်ထားပြီ ထင်ပါရဲ့။

" host အပေါ် မင်းသားဝမ်ရဲ့ စိတ်ဝင်စားမှု 55% ထိ မြင့်တက်လာပါပြီ။ ဆက်ကြိုးစားပါ host "

system ၏ အသိပေးစကားကို ရှောင်းကျန့်က လျစ်လျူရှုထားလိုက်တယ်။ သူ သည်နေ့ မင်းသားဝမ်ကို အဖော်ပြုပေးသည်က မစ်ရှင်ကြောင့်မဟုတ်ဘဲ စိတ်ရင်းနှင့်သာ။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now