Chapter - 13

5.1K 503 31
                                    

Unicode

အပိုင်း ၁၃။ ကိုယ်လုပ်တော်မု၏ အကြံအစည်

ကိုယ်လုပ်တော်မုက သေရည်မသောက်သေးသည့် ရှောင်းကျန့်ကို မျက်တောင်ဝင့်၍ ကြည့်လိုက်ကာ ညှိုးငယ်သောမျက်နှာဖြင့် စကားဆိုလာ၏။

" ကြည့်ရတာ ကိုယ်လုပ်တော်ရှောင်းက ကျွန်မရဲ့ တောင်းပန်မှုကို လက်မခံနိုင်ဘူးထင်တယ် "

ထိုသို့ပြောလာသည့်အခါ ရှောင်းကျန့်က အားနာဟန်နှင့် ရယ်ရင်း ခွန်းတုံ့ပြန်ရသည်။

" မဟုတ်တာ။ ပြန်သောက်ကြတာပေါ့ "

ရှောင်းကျန့်ကပြောရင်း ကိုယ်လုပ်တော်မု၏ ခွက်ထဲသို့ သေရည်လောင်းထည့်ပေးလိုက်သည်။

ဤတစ်ခေါက်တွင်လည်း ကိုယ်လုပ်တော်မုက သူ့ကို ပြုံးပြကာ ထပ်မံသောက်ပြန်သည်။

ရှောင်းကျန့်က ကိုယ်လုပ်တော်မု သေရည်သောက်နေချိန်အတွင်း သူ့ခွက်ထဲမှ သေရည်များကို ကြမ်းပြင်ပေါ်သို့ ညင်သာစွာ သွန်ချပြီးမှ သူ့ပါးစပ်နားသို့တေ့ပြီး သေရည်သောက်ဟန်ပြလိုက်တယ်။

ထိုအခါမှ ကိုယ်လုပ်တော်မုက မျက်နှာလေး ပြန်လည်ဝင်းပလာပြီး ရှောင်းကျန့်၏ ခွက်ထဲသို့ သေရည်ထပ်ထည့်ပေးလာပြန်သည်။

ထို့နောက် ယခုနကအတိုင်းပဲ သူ့ခွက်ထဲသို့ သေရည်ဖြည့်ကာ ကျောက်စိမ်းခွက်ကို မြှောက်ပြရင်း စကားထပ်ဆိုလာ၏။

" သည်တစ်ခွက်ကတော့ ရင်းနှီးမှု ယူတဲ့အနေနဲ့ပေါ့ "

ကိုယ်လုပ်တော်မုက စကားဆုံးသည်နှင့် သေရည်ခွက်ကိုကိုင်ကာ ဣန္ဒြေအပြည့်ဖြင့် ထပ်မံသောက်သုံးပြန်သည်။

ရှောင်းကျန့်ကလည်း ပထမအကြိမ်အတိုင်း သူ့သေရည်များကို ကြမ်းခင်းပေါ်သို့ သွန်ချလိုက်ပြီးနောက် သောက်ဟန်ဆောင်ရပြန်သည်။

ထိုဖြစ်စဉ်က အကြိမ်အနည်းငယ် ထပ်ပြီးမြောက်သွားသည်အထိ ရှောင်းကျန့်က မည်သို့ ဆက်လုပ်ရမည်ကို မတွေးတောနိုင်သေးပေ။ အနှီသေရည်တွင် အဆိပ်ပါလား၊ မပါလားကိုလည်း တပ်အပ်မသိ။ ပါလျှင်လည်း မည်ကဲ့သို့အဆိပ်မျိုးပါသည်ကိုမသိ။ မူးဝေပြသင့်သည်လား၊ မေ့လဲပြသင့်သည်လား။ သူ့လုပ်ရပ်တစ်ခုမှားသွားသည်နှင့် မည်သည့်သက်သေမျှ မရနိုင်သည့်အပြင် မြွေကိုခြောက်မိသလို ဖြစ်သွားနိုင်ပေ၏။ ထို့ကြောင့် ဤကိစ္စက သူ့အတွက် အလွန်ကို စဉ်းစားရကြပ်လွန်းပေသည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now