Chapter - 14

5.1K 507 38
                                    

Unicode

အပိုင်း ၁၄။ ယုံကြည်မှု

ကိုယ်လုပ်တော်မုက မင်းသားဝမ်ကို မြင်လိုက်ရသည့်အခါ အားကိုးရှာတွေ့သွားဟန်နှင့် မင်းသားဝမ်ဆီ အပြေးအလွှားသွားသည်။

" မင်းသားဝမ်...အဟင့်...ကိုယ်လုပ်တော်ရှောင်း...သူကျွန်မကိုလုပ်ကြံ...အင့် "

ကိုယ်လုပ်တော်မု၏ စကားက အဆုံးထိမရောက်သေးခင်မှာပင် မင်းသားဝမ်၏ လက်စွဲတော်ဓားက ကိုယ်လုပ်တော်မု၏ လည်တိုင်ကျော့ကျော့ထက်တွင် နေရာယူပြီးနေပြီဖြစ်၏။

ထိုအချင်းအရာကို မယုံကြည်နိုင်ဟန်ရသည့် ကိုယ်လုပ်တော်မုက မျက်ရည်များအဝိုင်းသားနှင့် မင်းသားဝမ်ကို ပင့်မော့ကြည့်သည်။

" မင်းသားဝမ်...ဒါ...ဒါက ဘာအဓိပ္ပါယ်... "

ကိုယ်လုပ်တော်မု၏ အသံက အလွန်ကိုတုန်ရီနေလေ၏။

" ရှောင်းကျန့် သူမင်းဘာလုပ်တာလဲ "

မင်းသားဝမ်က ကိုယ်လုပ်တော်မု၏ စကားကို နားမထောင်ချင်သည့်အလား လျစ်လျူရှု၍ ကိုယ်လုပ်တော်ရှောင်းဆီသို့ အကြည့်ပို့ကာ မေးခွန်းထုတ်သည်။

ရှောင်းကျန့်က အထင်လွဲခံရပြီဟု ထင်ထားခဲ့သော်လည်း ယခုအခြေအနေအရ မင်းသားဝမ်က သူ့ဘက်မှာ ရှိနေသည်ကို ခန့်မှန်းမိသောကြောင့် စိတ်သက်သာရာရသွားသကဲ့သို့ တစ်ချိန်တည်းမှာပင် ရွှင်မြူးသွားရ၏။ သူဖုံးကွယ်ထားခဲ့သည့်ကြောက်စိတ်အနည်းငယ်ကလည်း ယခုတွင်တော့ မြူခိုးများကဲ့သို့ပင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။

ရှောင်းကျန့်က ဆံထိုးကိုင်ထားသည့်လက်ကို တဖြည်းဖြည်းနှင့် အောက်သို့ ချလိုက်ပြီး ထိုင်နေရာမှ ထရပ်လိုက်သည်။

" မင်းသားဝမ် သူ...သူက ကျွန်မကို သတ်ဖို့ ကြံစည်... "

အရင်ဦးအောင်တိုင်ကြားချင်သည့် ကိုယ်လုပ်တော်မုက မင်းသားဝမ်၏ အကြည့်စူးရှရှအောက်တွင် ငြိမ်ကုပ်သွားပြန်၏။

" ရှောင်းကျန့် မင်းပြော "

" .... "

ရှောင်းကျန့်ကတော့ ဘာပြောရမှန်းမသိသောကြောင့် မင်းသားဝမ်ကို စိုက်ကြည့်နေမိသည်။ မင်းသားဝမ်မြင်လိုက်သည့်မြင်ကွင်းတွင် သူက လုပ်ကြံသူဖြစ်နေသည်မလား။ အမှန်တရားကိုပြောလျှင် မင်းသားဝမ်ယုံပါ့မလား။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now