Chapter - 15

5K 496 25
                                    

Unicode

အပိုင်း ၁၅။ တိုးတက်လာသောဆက်ဆံရေး

ရှောင်းကျန့်က အိပ်ရာထက်တွင် ပျင်းတိပျင်းရွဲထိုင်၍ တစ်ဖက်စားပွဲမှာ စာဖတ်နေသည့် မင်းသားဝမ်ကို စောင်းငဲ့ကြည့်သည်။

ကိုယ်လုပ်တော်မု၏ လုပ်ကြံမှုအပြီးတွင် မင်းသားဝမ်က သူ့ကို မျက်စိရှေ့ကအပျောက်မခံဘဲ အစောင့်အကြပ်များနှင့် ထားသည်။ ထို့အပြင် အိမ်တော်ရှိ အခြားကိုယ်လုပ်တော်များကိုလည်း နစ်နာကြေးပေး၍ အိမ်တော်မှထွက်စေခဲ့၏။ ထိုကိစ္စကြောင့် မင်းသားဝမ်နှင့် သူ့ခမည်းတော်တို့ကြား၌ ပဋိပက္ခအနည်းငယ်ဖြစ်ပေါ်ခဲ့သော်လည်း နောက်ဆုံးတွင် အရှင်မင်းကြီးက အလျှော့ပေးခဲ့ပုံပင်။ ထို့ကြောင့် ယခုအခါတွင် အိမ်တော်ရှိအစေခံများကလည်း သူ့ကို မလေးမစားမလုပ်ရဲတော့ဘဲ အလွန့်အလွန်ကို ရိုသေနေကြသည်။ သို့သော်လည်း ရှောင်းကျန့်ကတော့ အနည်းငယ်မွန်းကျပ်သလိုခံစားလာရပြီး အိမ်တော်အတွင်းတွင်ပဲ နေထိုင်ရသည်ကို ငြီးငွေ့လာတော့သည်။

မင်းသားဝမ်၏ ရိုးရှင်းသည့် တစ်နေ့တာကို တွေးမိတော့ ထိုကဲ့သို့ ပုံစံခွက်ထဲမှာ နေနိုင်သည့် မင်းသားဝမ်ကို အလွန်ချီးကျူးမိသည်။ မနက်စာစား၊ မနက်ခင်းညီလာခံသို့သွား၊ အိမ်ပြန်လာ၊ စာဖတ်၊ နေ့လည်စာစား၊ စာဖတ်၊ ညစာစား၊ စာဖတ် နှင့်သာ တစ်နေကုန်နီးပါး စာဖတ်နေတော့သည်လေ။ မင်းသားဝမ်က ယခင်ကလို ဆောင်ကြာမြိုင်များသို့လည်း မသွားတော့သောကြောင့် ရှောင်းကျန့်မှာ အိမ်တော်မှ လစ်ထွက်နိုင်သည့်အခွင့်အရေးက မိုင်းနပ်စ်ဘက်သို့ ပြနေသည်။

စိတ်ထဲတွင်သာ မကျေနပ်မှုများဖြင့် ဆူပုပ်နေသော်လည်း အပြင်ပန်းတွင်တော့ အပြုံးလေးတစ်ခုကို ဆင်မြန်း၍ မင်းသားဝမ်ကို မျက်နှာချိုသွေးရတော့သည်။

" မင်းသားဝမ် "

" .... "

မင်းသားဝမ်က ယခင်အတိုင်း စကားမပြန်သော်လည်း မျက်လုံးတော့ လှန်ကြည့်လာသောကြောင့် သူတို့၏ ဆက်ဆံရေးက အနည်းငယ်တော့ တိုးတက်လာပြီဟု ဆိုရမည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now